3.3

2.5K 174 11
                                    


<Unicode>
နောက်တစ်နေ့မနက်ရောက်တော့ ချိုင်နွန်မထချင်ဘဲထခဲ့ရသည်။သူ့ဘဝမှာအပျင်းဆုံးအချိန်ကို‌ ပြောပြပါဆို စာသင်ရတဲ့အချိန်လို့ ပြန်ဖြေမိမှာ.....

ချိုင်နွန်ရေမိုးချိုးလိုက်ပြီး အဝတ်ဗီဒိုမှာရှိတဲ့ကျောင်းဝတ်စုံအသစ်ကိုဝတ်လိုက်သည်။ပြီးတော့ ဆံပင်ကိုလည်းသေချာပုံသွင်းလိုက်ပြီး မှန်တစ်ချက်ပြန်ကြည့်လိုက်သည်။

"အတော်ချောတဲ့ငါပါလား"

'host မချောတဲ့အချိန်ရှိလို့လား'

'အင်း စဉ်းစားကြည့်ရသလောက်တော့ မရှိပါဘူး ငါကအမြဲချောနေတာဆိုတော့ '

'😶😶'

ချိုင်နွန်လည်းအောက်ထပ်ကိုရောက်တော့ ထမင်းစားစားပွဲမှာ အလုပ်သွားဖို့ပြင်ဆင်ထားတဲ့ အဖြူရောင် suit အပြည့်နဲ့ထိုင်နေတဲ့ နိုင်ဆာရန်ကြောင့် ငေးမိသွားသည်။ကော်ဖီခွက်ကိုင်ထားတဲ့ လက်တွေမှာ သွေးကြောမျှင်တွေယှက်သန်းနေတာက ယောက်ျားပီသကြောင်းဖော်ပြနေသည်။

ကော်ဖီ‌ခွက်တေ့ထားတဲ့နှုတ်ခမ်းတွေကလည်း မထူမပါးလေးနဲ့ ဆွဲဆောင်မှုရှိသည်။ကော်ဖီတစ်ငုံသောက်လိုက်တိုင်း အထက်အောက်ရွှေ့လျားသွားတဲ့လည်စိတွေ မျက်ခုံးထူထူလေးတွေ လေးထောင့်မကျတကျ မျက်နှာတွေနဲ့ ဂျယ်တွေဖြင့်လှန်တင်ထားတဲ့ ဆံပင်တွေနဲ့ နိုင်ဆာရန်က အလွန်ကြည့်ကောင်းသည်။

ချိုင်နွန်လည်း ထမင်းစားခန်းတံခါးဘောင်ကိုမှီပြီး အစွမ်းကုန်ငမ်းနေတော့သည်။နိုင်ဆာရန် ကော်ဖီသောက်နေတုန်း တစ်ယောက်ယောက်ကစိုက်ကြည့်နေတယ်လို့ခံစားရတာကြောင့် တံခါးဝဆီအကြည့်ရောက်သွားသည်။

တံခါးဘောင်ကို လက်ပိုက်ကာ ကိုယ်တစ်ခြမ်းမှီပြီး သူ့ကို စိုက်ကြည့်နေတဲ့ ကလေးငယ်ကြောင့် ဆွဲဆောင်မှုရှိလှတဲ့အပြုံးတစ်ခုကိုချိတ်ဆွဲလိုက်ပြီး

"ကလေးငယ် လာလေ ဘာလို့ရပ်နေတာလဲ"

ချိုင်နွန် နိုင်ဆာရန် ပြောတဲ့စကားတွေကိုမကြားဘဲ နိုင်ဆာရန်အပြုံးကိုသာ တမေးတမောငေးနေသည်။

'host !!!!!!!တော်ရုံငမ်း'

'feel ပျက်တာ mouse ရာ'

ချိုင်နွန်လည်း mouse ကိုမျက်စောင်းထိုးလိုက်ပြီး နိုင်ဆာရန် ဘေးမှာသွားထိုင်လိုက်ပြီး ကော်ဖီတစ်ခွက်ငှဲ့သောက်လိုက်သည်။

system 118 (Complete)Tahanan ng mga kuwento. Tumuklas ngayon