8.4

1.7K 125 16
                                    

<Unicode>
မင်ရှန်းလင် သူ့ဆံပင်ကိုရေစိုသွားတာကြောင့်

"ဘယ် ကလေကဝက ငါ့ကိုရေပတ်လိုက်တာလဲ"

ဆိုပြီးအော်ပြောကာ စိုနေတဲ့ဆံပင်တွေကိုကောင်းကောင်းသိမ်းလိုက်ပြီး ထထိုင်ကာသူ့ကိုရေပတ်တဲ့လူကို လှမ်းကြည့်လိုက်သည်။

"အော် ဘယ်သူများလဲလို့ ရူးဒါလင်ကို"

"ဘာရူးဒါလင်လဲ"

"လင်ဒါရူးကိုပြောတာ မသိရင်မှတ်ထား"

"နင်ကများ ငါ့လိုမိဖုရားကိုပြန်ခံပြောရဲတယ်ပေါ့ ရဲမက်တွေ လာကြစမ်း ဒီကိုယ်လုပ်တော်ကို ကြိမ်ဒဏ်အချက် ၅၀ ပေးလိုက်ကြ"

ကျူးဟာရင်ပြောလိုက်တော့ အပြင်ကနေရဲမက်နှစ်ယောက်ကဝင်လာပြီး မင်ရှန်းလင်ကိုဆွဲထုတ်မလို့ပြင်လိုက်ကြသည်။

"ငါ့ကိုထိရဲရင်ထိကြည့်စမ်း ငါ့လင်က နင်တို့ကိုဒီတိုင်းထားမယ်ထင်လို့လား"

"နင့်လိုကိုယ်လုပ်တော်ကို မင်းကြီးကတစ်ကယ်ချစ်တယ်များထင်နေလား "

"ချစ်မချစ်စမ်းကြည့်ချင်လား"

မင်ရှန်းလင်လည်း ကုတင်ပေါ်ကထလိုက်ပြီး ကျူးဟာရင်ရှေ့ရောက်တော့ ချက်ချင်းလဲကျသွားကာ

"အား တောင်းပန်ပါတယ် မိဖုရား ကျနော်ကိုခွင့်လွှတ်ပါ ကျနော် မင်းကြီးကိုတစ်ကယ်ချစ်တာပါ ကျနော့်ကိုမင်းကြီးနားကထွက်သွားဖို့မပြောပါနဲ့ ဟင့် ကျနော်မင်းကြီးနဲ့အဝေးမှာမနေနိုင်လို့ ဟင့် တောင်းပန်ပါတယ်"

မင်ရှန်းလင် မျက်နှာကတစ်ကယ့်ကိုသနားစရာဖြစ်နေပြီး မျက်ရည်တွေကျကာတောင်းပန်နေပုံက မြင်ရသူတိုင်းကို သနား‌သွားစေသည်။

ကျူးဟာရင် ကြောင်အနေတုန်းမှာဘဲ

"ဒါဘယ်လိုဖြစ်နေကြတာလဲ"

လန်ကျိုးယီရဲ့ အသံက ဒေါသကြီးစွာထွက်ပေါ်လာသည်။ကျူးဟာရင် ခန္ဓာကိုယ်ကတစ်ချက်တုန်သွားပေမဲ့

'မင်းကြီးက ငါ့ကိုဘဲချစ်တာ ငါ့လိုမိန်းမလှကိုပြစ်ပြီး ကိုယ်လုပ်တော်တစ်ယောက်ကိုချစ်ဖို့ဆိုတာမဖြစ်နိုင်ဘူး'

system 118 (Complete)Where stories live. Discover now