8.7

1.6K 124 27
                                    

<Unicode>
မင်ရှန်းလင်အကျဉ်းထောင်ထောင့်မှာ ထိုင်ငိုရင်းမှေးခနဲအိပ်ပျော်သွားသည်။အိပ်ပျော်တာ မကြာသေးတာကြောင့် လူကအိပ်နေပေမဲ့ အသိစိတ်ကမအိပ်ဘဲ ပတ်ဝန်းကျင်ကအသံတွေကြားနေရသည်။

သူစကားပြောသံကြားတာကြောင့် နည်းနည်းအာရုံစိုက်နားထောင်လိုက်တော့ အကျဉ်းထောင်စောင့်နေတဲ့အစောင့်နှစ်ယောက်ရဲ့စကားသံကိုပီသစွာကြားလိုက်ရသည်။

"ဟိတ်ကောင် မင်းသိပြီးပြီလား"

"ဘာကိုလဲ"

"ဟ ငါတို့မင်းကြီးလေ မင်ကိုယ်လုပ်တော်ကို သူဘဲအကျဉ်းထောင်ထဲထည့်ခိုင်းပြီး မင်ကိုယ်လုပ်တော်ရဲ့အိပ်ဆောင်ကြမ်းပြင်မှာ အရူးတစ်ယောက်လိုအော်ငိုနေတယ်တဲ့"

"ဟုတ်ရဲ့လား မင်းဟာက"

"သတင်းအတိအကျကိုရတာဟ"

"ဟင်း ဘာတွေမှန်းကိုမသိပါဘူးကွာ သူဘဲ အကျဉ်းချ သူဘဲငို "

"တိုးတိုးဟ မင်ကိုယ်လုပ်တော်အိပ်နေတယ်"

"မင်ကိုယ်လုပ်တော်သနားပါတယ်ကွာ မနက်ကတည်းကငိုနေတာ အခုချိန်ထိဘဲ"

"သနားပေမဲ့ ငါတို့လို အစောင့်တွေကဘာလုပ်ပေးနိုင်မှာမို့လို့လဲဟာ"

"အေးလေ ဒါလည်းဟုတ်တာဘဲ"

မင်ရှန်းလင် အစောင့်နှစ်ယောက်ရဲ့ စကားသံကိုကြားတာနဲ့ ပျော်သွားပြီး မျက်ရည်တွေသုတ်လိုက်သည်။ပြီးတော့ အကျဉ်းထောင်ရဲ့တံခါးဝဆီသွားပြီး ဟိုအကိုနှစ်ယောက်ကိုလှမ်းခေါ်လိုက်သည်။

"အကိုတို့ အကိုတို့"

"ဗျာ ကျနော်တို့ကိုခေါ်တာလား"

"ဟုတ်"

"အကိုလို့ခေါ်တာ မသင့်တော်ကြောင်းပါ အစောင့်တွေလို့သာ ခေါ်သင့်ကြောင်းပါ မင်ကိုယ်လုပ်တော်"

"ဟုတ် ဟုတ် ဟို မင်းကြီးကိုလေ ကျနော်အကျဉ်းထောင်ထဲရောက်နေတယ်ဆိုတဲ့‌အကြောင်း သွားလျှောက်တင်ပေးပါလား ကျေးဇူးပြန်ဆပ်ပါ့မယ်"

"ဟို.."

"ကျေးဇူးပြုပြီးတော့ ကျနော်တောင်းဆိုပါတယ် ဒူးထောက်ဆိုလည်းထောက်ပါမယ်"

system 118 (Complete)Where stories live. Discover now