<Unicode>
ထယ်ယောင်းမနက်နိုးလာရင် နွေးထွေးလွန်းတဲ့ရင်ခွင်ထဲကနေ နိုးလာမယ်လို့ထင်ထားပေမဲ့ တစ်ကယ်တမ်းနိုးလာတော့ အေးစက်နေတဲ့လွင်ပြင်ထဲပြန်ရောက်နေတာကြောင့် ကြောင်သွားလေသည်။"Mouse ငါဘယ်လိုလုပ် space ထဲပြန်ရောက်လာတာလဲ"
"Host ဘဲ မနေ့က mission တွေအကုန်အောင်ပါပြီလို့ပြောတော့ အင်းဆို"
"အေးလေ အဲ့ဒါနဲ့ ငါ space ထဲပြန်ရောက်လာတာဘာဆိုင်လဲ"
"အော် ကျနော်လည်း host က အင်း ဆိုတော့ အဲ့ကမ္ဘာက ထွက်တော့မယ်ထင်ပြီး ဆွဲထုတ်လိုက်တာလေ"
"ဒီသူတောင်းစား ငါက ထွက်မယ်လို့ပြောလို့လား အရင်ကမ္ဘာတွေတုန်းက အသက်ကြီးတဲ့ထိ ငါ့လင်နဲ့ချစ်ပြီးမှ ထွက်တာကို သိရဲ့သားနဲ့ မင်း တမင်လုပ်တာမလား"
"တမင်လုပ်တာမဟုတ်ပါဘူး တစ်ကယ်လုပ်တာ"
"အား!!!!!!! ပြန်ပို့ပေး အခုချက်ချင်းအဲ့ကမ္ဘာကိုပြန်ပို့ပေး"
"အရူး ပြန်ပို့ပေးလို့ရမလား"
"မသိဘူး မသိဘူး အဲ့ကမ္ဘာဘဲပြန်သွားချင်တယ်"
"ရတယ်လေ ပြန်ပို့ပေးမယ် ဒါပေမဲ့ အဲ့ကမ္ဘာမှာဘဲ ထာဝရနေသွားရမယ် ဘယ်လိုလဲ ပြန်ပို့ပေးရမှာလား"
"......."
"ကျနော်က စေတနာနဲ့ ကမ္ဘာတွေအမြန်ပြီးရင် သူ့လင်နဲ့ တစ်ကယ့်အပြင်လောကမှာ ချစ်ကြိုက်ကြပါစေဆိုပြီး လုပ်ပေးတာကို စေတနာကိုစော်ကားတယ်"
"အင်း နင်ပြောတာလည်းဟုတ်သားဘဲ sorry ခုနက နည်းနည်းစိတ်တိုသွားတယ် အဲ့ဒါကလည်း နင့်အမှားဘဲလေ ငါ့ကိုမပြောမဆိုနဲ့ ဆွဲထုတ်လိုက်တာကို ငါ့လင်နဲ့တောင် ကောင်းကောင်းမချစ်လိုက်ရသေးဘူးကို"
"ပြန်ကြည့်ချင်လား"
"ဘာကိုလဲ"
"အရင်ကမ္ဘာမှာ host လင် ဘယ်လိုကျန်ခဲ့လဲလို့"
"အင်း အင်းကြည့်မယ်"
"စိတ်ကိုတော့ခိုင်ခိုင်ထားနော်"
"ဘာလို့လဲ"
"ဒါတော့ ကြည့်လိုက်ရင်သိသွားလိမ့်မယ်"
YOU ARE READING
system 118 (Complete)
Fanfiction"မဂ်လာပါ Host " "မဂ်လာပါ system နာမည်ဘယ်လိုခေါ်လဲ ရုပ်ကရော ချောလား မချောရင် ငါလက်မတွဲချင်ဘူးနော် ရုပ်လည်းလာပြပါအုံး နင်ဘယ်မှာလည်း" "Host ကစကားအရမ်းများတာဘဲ" Start date -28.8.2023 End date -17.11.2023 "မဂ္လာပါ Host " "မဂ္လာပါ system နာမည္ဘယ္လိုေခၚလ...