7.3

1.8K 188 9
                                    

<Unicode>
ရမ်လည်း တစ်စုံတစ်ခုကို‌တွေးမိပြီး အိမ်ရဲ့ CCTV အကုန်လုံးကို လျို့ဝှက် code တွေခံလိုက်သည်။ပြီးမှ သူသိချင်တဲ့သူခိုးရဲ့တည်နေရာကိုပြန်ရှာကြည့်လိုက်သည်။

အခုတော့ သူခိုးရဲ့တည်နေရာကိုရှာတွေ့သွားတာကြောင့် ထိုသူခိုးရှိတဲ့နေရာဖြစ်တဲ့ မွမ်ဘိုင်းကိုလိုက်သွားဖို့ပြင်ဆင်ရတော့သည်။

အရင်ဆုံး ပိုက်ဆံမရှိတာကြောင့် ဘဏ်အကောင့်တစ်ခုဖွင့်လိုက်ပြီး သူ့ကိုရိုက်ထားတဲ့ ရဲအရာရှိ ရာနာရဲ့အကောင့်ကိုဟက်ကာ သူ့အကောင့်ထဲလွှဲထည့်လိုက်သည်။

ရာနာကတော့ သူ့ဘဏ်အကောင့်ထဲက ပိုက်ဆံတွေပျောက်ကုန်တာကြောင့် ဒေါကန်သွားလေသည်။တွေ့လို့ကတော့အမှုန့်ကြိတ်ပစ်မည်ဟုလည်းကြိမ်းထားလေသည်။

ပိုက်ဆံတော်တော်များများမရှိတော့တာကြောင့် ရမ်ခိုးထားတဲ့ရတနာတွေကိုပိုလိုချင်လာလေသည်။ထို့ကြောင့် ရဲစခန်းကိုပြန်လာပြီးစစ်မေးမလို့ပြင်တော့ ရမ်ကထွက်ပြေးသွားပြီဆိုတာသိလိုက်ရတော့
ဂိတ်ဝတွေအပြင် လေယာဉ်‌ကွင်းတွေမှာပါ အစောင့်တွေချကာ ရမ်ကိုရှာဖွေလေတော့သည်။

ရမ်လည်း ပိုက်ဆံတွေအတော်များများရပြီဖြစ်တာကြောင့် ဘဏ်မှာပိုက်ဆံတွေသွားထုတ်ကာ အဝတ်အစားတွေဝယ်လိုက်သည်။

ပါးသိုင်းမွှေးတွေပါအကုန်ရိတ်လိုက်ပြီး ဆံပင်တုတွေအပြင် ဆာရီတွေပါဝယ်လိုက်သည်။ပြီးတော့ ဆိုဖီတို့ဆီပြန်လာပြီး ဧည့်ခန်းမှာ ရဲမေဝတ်စုံနဲ့ထိုင်နေတဲ့ဆိုဖီကို

"ငါ မွမ်ဘိုင်းသွားလိုက်အုံးမယ် ဘာမှာအုံးမလဲ"

"ဘာသွားလုပ်မလို့လဲ"

"ငါလား တစ်စုံတစ်ယောက်ကိုသွားတွေ့မလို့"

"တွေ့ချင်တဲ့လူနဲ့အမြန်တွေ့ပါစေ ဖြေးဖြေးသွား good luck "

"Umm နင်လည်း နင့်လင်နဲ့ကောင်းကောင်းနေခဲ့ အကူညီလိုရင် လှမ်းတောင်းလိုက်မယ်"

"Ok"

သူတို့နှစ်ယောက်စကားပြောနေတဲ့အချိန် ပုခုံးမှာ ကြယ်သုံးလုံးပါတဲ့ရဲဝတ်စုံနဲ့ အာဂျွန်ထွက်လာလေသည်။

system 118 (Complete)Where stories live. Discover now