<Unicode>
အိမ်ကိုသန့်ရှင်းရေးလုပ်ပြီးမှ ဆာကာ က အာဆာရှီကိုခေါ်ပြီး ဧည့်ခန်းမှာထိုင်ခိုင်းလေသည်။"ကျနော်ပြောစရာရှိလို့"
"ပြောလေ ဘာပြောမလို့လဲ"
ဆိုပြီး အာဆာရှီက သူ့ဓါးသေးကိုဆော့ကစားနေသည်။
"ခများ နာခီဆာကိုသဘောကျနေတာလား"
"အင်း ငါသူ့ကိုချစ်မိနေပြီ"
"ခများဒီပုံစံနဲ့တော့ သူ့ဆီကအချစ်ပြန်ရဖို့မမျှော်လင့်နဲ့"
"ဒီပုံစံက ဘာဖြစ်နေလို့လဲ အဟက် ဘာလဲ ငါက နင့်လိုပုံစံပြောင်းရမှာလား "
"မဟုတ်ဘူး ခများတစ်ခုခုကိုများအထင်လွဲနေလား"
"ဘာမှအထင်လွဲစရာအကြောင်းမရှိဘူး ငါဆိုတဲ့အာဆာရှီက ကိုယ်မြင်တာကိုဘဲယုံတယ်"
"ခများက ဘာကိုမြင်လို့ ဘာတွေယုံနေတာလဲ"
"ဒီမှာ အလှလေးက နင့်ကိုဘဲအားကိုးပြီး နင့်ကိုဘဲကြိုက်နေတာလေ ခုနတုန်းကတောင်နင့်ဆီဘဲကပ်နေတာမဟုတ်ဘူးလား"
"ခများအထင်လွဲနေပြီ ကျနော့်မှာ ကိုကိုရှိတယ်"
"ဘယ်သူလဲ"
"ဘယ်သူရှိရမှာလဲ ရှီဂိုဏ်းခေါင်းဆောင် ရှီတဲယုလေ"
"ဟုတ်လို့လား"
"လူကိုများမယုံသင်္ကာနဲ့ "
"အဲ့ဆို အလှလေးက ဘာလို့နင့်ရင်ခွင်ထဲဝင်နေတာလဲ"
"အဲ့တာက ခများကို ကားနဲ့မလာခင်ပြောပြီးသားလေ"
"အလှလေးရဲ့ငယ်ငယ်ကမှတ်ဉာဏ်တွေကြောင့်ဆိုတာလား"
"အင်း ဟုတ်တယ်"
"အလှလေးက ဘာတွေကြုံခဲ့ရလို့ ငါ့ရဲ့ဒီလိုပုံစံကိုကြောက်နေရတာလဲ"
"ကျနော်သိရသလောက်တော့ သူငယ်ငယ်က ခများလိုပုံစံနဲ့လူတစ်ယောက်က ခများကိုင်ထားသလို ဓါးသေးနဲ့လူတစ်ယောက်ကိုရက်ရက်စက်စက်သတ်နေတာကို ထိုင်ကြည့်နေရတာ ပြီးတော့ အဲ့လူက သူ့ကို
တစ်ခြားလူကိုပြောရင် သူ့လိုသတ်ပစ်မယ် ဆိုပြီးခြိမ်းခြောက်ခဲ့တာ အဲ့ကြောင့်နာခီဆာကခများလိုပုံစံ
ကိုကြောက်နေတာ"
KAMU SEDANG MEMBACA
system 118 (Complete)
Fiksi Penggemar"မဂ်လာပါ Host " "မဂ်လာပါ system နာမည်ဘယ်လိုခေါ်လဲ ရုပ်ကရော ချောလား မချောရင် ငါလက်မတွဲချင်ဘူးနော် ရုပ်လည်းလာပြပါအုံး နင်ဘယ်မှာလည်း" "Host ကစကားအရမ်းများတာဘဲ" Start date -28.8.2023 End date -17.11.2023 "မဂ္လာပါ Host " "မဂ္လာပါ system နာမည္ဘယ္လိုေခၚလ...