7.1 (ရမ်) (ရမ္)

2K 143 6
                                    

<Unicode>
ထယ်ယောင်း ဒီကမ္ဘာရောက်တော့ အသက်ရှုကြပ်နေသည်။သူ့လက်ကိုတစ်‌ယောက်‌ယောက်က‌ နောက်ပြန်ချုပ်ထားပြီးရေထဲနစ်ချနေသည်။အသက်ရှုလိုက်ရင် ရေတွေကနှာခေါင်းထဲဝင်လာပြီး ရေတွေမွန်းလာတာကြောင့် အသက်ရှုမဝဖြစ်လာသည်။

မိနစ်ဝက်လောက်ကြာတော့ လူတစ်ယောက်ကသူ့‌ဆံပင်တွေကိုဆွဲပြီး ပြန်မော့လိုက်မှ ရင်ဘက်တွေနိမ့်ချည်မြင့်ချည်ဖြစ်ပြီး လေကိုအငမ်းမရပြန်ရှုရသည်။

အသက်ရှုတောင်မဝသေး ရဲဝတ်စုံဝတ်ထားပြီး ပုခုံးမှာလည်းကြယ်နှစ်လုံးလောက်ရှိတဲ့ထိုလူကသူ့ဆံပင်ကိုဆွဲလှန်ပြီး မျက်နှာချင်းဆိုင်ကာ

"မင်း ရတနာတွေဘယ်မှာထားထားလဲ အခုပြောစမ်း"

"အဟွတ် ဟွတ် ဘာရတနာလဲ ကျနော်မသိဘူး"

"မသိဘူးပေါ့လေ "

ထိုလူကပြောပြီး ထယ်ယောင်းခေါင်းကို ရေထည့်ထားတဲ့ပုံးဆီပြန်နစ်ချလေသည်။

"မသိချင်အုံးကွာ မသိချင်အုံး ဟိုကောင် တုတ်သွားယူခဲ့"

"Yes sir "

ခနကြာတော့ ထယ်ယောင်းကို ထိုလူက ပုံးထဲကခေါင်းဖော်ပြီး တုတ်နဲ့ရိုက်လေသည်။ထိုလူရိုက်တော့ ထယ်ယောင်းကိုချုပ်ထားတဲ့လူကလွှတ်ပေးလာတာကြောင့် ထယ်ယောင်းကြမ်းပြင်ပေါ်လဲကျသွားလေသည်။

ထယ်ယောင်းလဲကျသွားတော့လည်း ထိုလူကဆက်ရိုက်ပြီး သူမသိတဲ့ရတနာတွေမေးနေလေသည်။

"မင်းခိုးထားတဲ့ရတနာတွေဘယ်မှာလဲ ဟမ် ငါ့ကိုအခုပြောစမ်း ပါးစပ်ကပိတ်မနေနဲ့ ပြောစမ်း ဘယ်မှာဖွက်ထားတာလဲ"

ထိုလူကစကားတွေပြောရင်းထယ်ယောင်းကိုရိုက်နေတာ ထယ်ယောင်း လှုပ်ချင်စိတ်တောင်မရှိတော့ပေ.. နာလိုက်တာလည်းလွန်ရော ခေါင်းတွေနဖူးတွေကျောကုန်း လက် ခြေတွေပါမကျန်ရိုက်ခံရတာကြောင့် ထယ်ယောင်းမေ့သွားလေသည်။

(လာမဆဲကြပါနဲ့လို့😬😬  ချစ်လို့စနေတာ‌လေနော် 🙃🙃)

ထယ်ယောင်းသူမေ့သွားတော့ space ထဲပြန်ရောက်နေပြီး သွားတွေဖြဲပြနေတဲ့ mouse ကိုတွေ့လိုက်ရတာကြောင့် mouse လည်ပင်းကိုညစ်ပြီး

system 118 (Complete)Donde viven las historias. Descúbrelo ahora