2.3

2.8K 178 7
                                    


<Unicode>
ဂျောင်လီဟွန်းလည်း သူ့ရင်ခွင်ထဲတိုးဝင်လာတဲ့ယောင်းလေးကိုပြန်ဖက်လိုက်ပြီး

"ယောင်းလေး ဒီညဘာညလဲ"

"ဒီညလား မသိဘူးလေ"

ဆွန်းယောင်းလည်း အူတူတူပုံနဲ့ ဂျောင်လီဟွန်းရင်ခွင်ထဲကနေမော့ကြည့်ပြီး ပြန်ဖြေလိုက်သည်။လီဟွန်းလည်း မသိချင်ယောင်ဆောင်နေတဲ့ ဆွန်းယောင်းရဲ့ နှုတ်ခေါင်းလုံးလုံးကိုဖျစ်ညစ်လိုက်ပြီး

"ဒီညက ကိုယ်တို့မဂ်လာဦးညလေ"

ဆိုပြီး နားနားကပ်ကာ ဩရှရှလေသံနဲ့ ပြောလိုက်သည်။ဆွန်းယောင်းကတော့ သူ့ကုကု တစ်ဖြစ်လဲ သူ့ကိုကိုဂျောင် ရဲ့စကားကြောင့် ပါးလေးနှစ်ဖက်ကခရမ်းချဉ်သီးလိုဖြစ်သွားပြီး ရှက်ရမ်းရမ်းကာ ဂျောင်လီဟွန်းရဲ့ရင်ဘက်ကို လက်သီးနဲ့ဖွဖွလေးနှစ်ချက်ထုလိုက်သည်။

"ဘာတွေပြောနေတာလဲ နေ့လည်က ထိပ်မြားပွဲမှာတောင် တစ်ချက်မှလှည့်မကြည့်တဲ့လူက"

"အဲ့ချိန်က ကိုယ်ထင်တာ မင်ဟွာယောင်းလို့ထင်လို့ပါ ပြီးတော့ ယောင်းလေးဝမ်းနည်းနေတော့မှာဘဲတွေးမိလို့ မကြည့်ဖြစ်တာပါ"

"ဟွန့်  ပြီးရော"

"အဲ့ဆို မဂ်လာဦးမယ်နော် "

"ကိုကို့သဘော အယ်ခနလေး မေးစရာရှိသေးတယ်"

"မေးလေး"

"ကိုကိုက မင်းကြီးဆိုတော့ နန်းဆက်ခံသူလိုမှာပေါ့နော်"

"အင်း လိုပေမဲ့ ရပါတယ် ယောင်းလေးသာရှိရင် ပြီးပြည့်စုံတယ်"

"တကယ်လို့ ယောင်းလေးသာ နန်းဆက်ခံသူမွေးပေးမယ်ဆိုရင်ရော ကိုကိုကလိုချင်လား"

ဆွန်းယောင်းမေးလိုက်တော့ ဂျောင်လီဟွန်းက ခနကြောင်သွားပြီး

"အင်း လိုချင်တယ် မရလည်းအဆင်ပြေတယ် အဓိက က ယောင်းလေးသာကိုယ့်အနားရှိရင် ရပြီ"

"ကိုကိုလိုချင်တယ်ဆို ယောင်းလေးကမွေးပေးမယ်အဲ့ကြောင့်ကိုကိုကများများအားစိုက်ထုတ်ပေး"

"အားစိုက်ထုတ်ဖို့တော့ ပြောစရာကိုမလိုဘူး ကိုကိုက ထုတ်ပြီးသားဘဲ"

system 118 (Complete)Où les histoires vivent. Découvrez maintenant