4.7 (end)

2.3K 141 18
                                    

<Unicode>
မိုးတိမ်သာ တံခါးဖွင့်ဖွင့်ချင်း တွေ့လိုက်ရတဲ့ကောင်လေးကြောင့် မျက်နှာကိုလက်သီးနဲ့မိတ်ဆက်ပေးလိုက်သည်။

"ခွပ် မင်း ဘာလာလုပ်တာနဲ့ ကြိုပြောထားမယ် ငါ့
က‌လေးလေးနဲ့ဝေးဝေးနေ ကြားလား"

Mouse လည်း သူ့ host တို့လင်လင်နှစ်ယောက်ကို အမြင်ကပ်တာကြောင့် အခုလိုအချိန်ကောင်းမှာလာနှောက်ယှက်မိပါတယ် ထိုးခံလိုက်ရတယ်တဲ့ system သိက္ခာကျပါတယ်...

မိုးတိမ်သာကိုကြည့်လိုက်တော့လည်း သူ့ကိုဒေါသထွက်နေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေတာကြောင့် သူဘာအမှားများလုပ်ထားမိလို့လဲပြန်တွေးပေမဲ့ ဘာမှပေါ်မလာ....

သူအတွေးလွန်နေတာကြောင့် ဘာမှပြန်မပြောမိတာကို မိုးတိမ်သာက တစ်မျိုးထင်သွားပြီး

"ခွပ် ငါမေးရင်ပြန်ပြောလေ အ နေတာ‌လား ဒါမှမဟုတ် ငါ့ကလေးကိုဆက်ပတ်သက်ချင်သေးတဲ့သဘောလား"

Mouse လည်း နောက်တစ်ခေါက်ပြန်ထိုးခံရတဲ့အချိန်မှ အသိပြန်ဝင်လာပြီး

"မဟုတ်ပါဘူးဗျာ လေညှင်း နင့်လင်ကိုထိန်းအုံးဟ ငါ့မျက်နှာ ဖူးယောင်လာတော့မယ်"

Mouse လည်း သူ့ကိုရီကျဲကျဲနဲ့ကြည့်နေတဲ့ host ကိုလှမ်းအကူညီတောင်းလိုက်တော့ သူ့host ကရီပြီး မိုးတိမ်သာလက်မောင်းကို သွားချိတ်လိုက်ပြီး

"ကိုကို ကလေးမိတ်ဆက်ပေးအုံးမယ် သူ့နာမည်က ငကြွက်တဲ့ ကလေး သူငယ်ချင်း"

"ငကြွက် နာမည်ကလည်းအဆန်း လူနဲ့လိုက်ပါတယ် သူ့ရုပ်ကြည့်ရတာလည်း ကြွက်နဲ့ နင်လားငါလားဘဲ ဒါနဲ့ကလေးက သူနဲ့ဘယ်ချိန်ကခင်သွားတာလဲ"

"ကြာပါပြီ"

Mouseကတော့ သူ့လောက်ချစ်ဖို့ကောင်းတဲ့ရုပ်ကို ဖဲ့နေတဲ့ မိုးတိမိသာကိုသိပ်မကြည်ချင်တော့ပေ။ပြီးတော့သူ့ကိုရှေ့မှာထားပြီး စကားပြောနေတဲ့နှစ်ယောက်ကို မျက်စောင်းလှမ်းထိုးလိုက်တော့ထိုးခံထားရတဲ့ ဒဏ်ရာကြောင့် လက်နဲ့လှမ်းကိုင်လိုက်ပြီးငြီးတွားမိသည်။

"အား ကျွတ်ကျွတ် နာလိုက်တာ....လေညှင်း ဟိုမှာ သူများကပန်းချီကားဝယ်မယ်တဲ့သွားကြည့်လိုက်အုံး"

system 118 (Complete)Where stories live. Discover now