3.9 end

2.5K 178 11
                                    


<Unicode>
ဆယ်မိနစ်ရောက်တော့ ရုံးခန်းတံခါးကပွင့်လာသည်။နိုင်ဆာရန်ဝင်လာတာနဲ့ ကလေးငယ်ကိုသွားဖက်လိုက်ပြီး

"ကလေး ဘာဖြစ်လို့လဲ တစ်ခုခုဖြစ်လို့လား ဘာလို့ရုံးခန်းထဲရောက်နေတာလဲ"

ချိုင်နွန်လည်း နိုင်ဆာရန်မေးလိုက်တာနဲ့ မျက်နှာကပြိုတော့မဲ့မိုးတိမ်လိုဖြစ်သွားပြီးအော်ငိုလာသည်။

"အူး ဝါး သူတို့ကလေးကိုအနိုင့်ကျင့်ကြတယ် အီးဟီး "

"ဘယ်သူတွေလဲ ကိုကို့ကိုပြော"

"ဟင့် ရွှတ်သူတို့လေ အူးဝါး ဆရာမကြီးလည်း ကလေးလေးကိုရိုက်မယ်တဲ့ အူးဝါး "

"ကျောင်းအုပ်ကြီး..."

နိုင်ဆာရန် အသံနက်နက်နဲ့ခေါ်လိုက်တော့ ကျောင်းအုပ်ကြီး တုန်သွားသည်။နိုင်ဆာရန်ဝင်လာကတည်းက ကြောက်နေပါတယ်ဆို ဟိုကလေးက မဟုတ်တာတွေပြောလိုက်တော့ပိုဆိုးသွားသည်။

နိုင်ဆာရန်သာအဲ့ကလေးနဲ့ပတ်သက်နေရင် သူ့ဘဝကမတွေးဝံ့စရာ...နိုင်ဆာရန်က စီးပွားရေးလောကမှာအောင်မြင်နေတဲ့လုပ်ငန်းရှင်ဖြစ်သလို ဒီကျောင်းမှာလည်း ရှယ်ယာ ၈၅% ပိုင်ဆိုင်ထားသည်။

နိုင်ဆာရန်တစ်ခွန်းပြောလိုက်တာနဲ့ သူ့ဘဝကမြောင်းထဲရောက်ဖို့ဆိုတာ ဗေဒင်တွက်စရာကိုမလို ကျိန်းသေ သေချာသည်။

ကျောင်းအုပ်ကြီးတင်ကြောက်နေတာမဟုတ် နမ်ရဲ့မိဘ‌တွေလည်း ကြောက်နေကြသည်။အရင်ကနီအာရန် အိမ်တော်ရဲ့ပိုင်ဆိုင်မှုက ဖရာနွန်အိမ်တော်ရဲ့ပိုင်ဆိုင်မှုနဲ့ယှဉ်ရင် သိပ်မကွာခြားပေမဲ့ နိုင်ဆာရန်လက်ထက်မှာတော့ အလွန်ကွာခြားသွားသည်။

နိုင်ဆာရန်သာ လုပ်မယ်ဆိုရင် နီအာရန်အိမ်တော်ကိုဖျက်စီးဖို့က မိနစ်ပိုင်းအတွင်းသာ....နမ်နဲ့ ထီအာရွတ်ကလည်း နိုင်ဆာရန်ကိုတွေ့ကတည်းက ကြောက်နေကြသည်။ထီအာရွတ်လည်း သူအသုံးမကျတာကြောင့်သူတို့ ပရာနန်အိမ်တော်ပျက်စီးတော့မယ်ဆိုပြီး တုန်လှုပ်နေသည်။

နိုင်ဆာရန်လည်း ကျောင်းအုပ်ကြီးကိုကြည့်လိုက်တော့ ကြောက်ပြီးတုန်‌ နေတာကိုတွေ့လိုက်ရသည်။

system 118 (Complete)Wo Geschichten leben. Entdecke jetzt