2.7

2.4K 158 9
                                    


<Unicode>
ဂျောင်လီဟွန်းလည်းဒီမနက် ယောင်းလေးနဲ့ ညီလာခံကိုအတူတူတက်ဖြစ်ပြန်သည်။ဘာလို့လဲဆိုတော့ လီနာနာနဲ့ ထိပ်မြားမှုလုပ်မလုပ်ဆုံးဖြတ်ဖို့ပင်

သူ့သဘောမေးပါက ယောင်းလေးကိုဧကရီမြောက်ပြီး တခြားဘယ်သူနဲ့မှထပ်ပြီးထိပ်မြားမှုတွေမကျင်းပချင်တော့ပေ။

ညီလာခံရောက်တော့ အမတ်တွေအပြင် လီတိုင်းပြည်က သံတမန်၃ ယောက်ရယ် လီနာနာတို့နဲ့အတူ မယ်တော်ကြီးပါ ရှိနေသည်။

ညီလာခံစတော့ ဘယ်သူမှအရင်မလျှောက်တင်ခင် လီနာနာက မင်းကြီးရှေ့မှာဒူးထောက်အရိုအသေပေးပြီး

"ကျနော်မျိုးမတို့ထိပ်မြားမှု ကျင်းပမယ်မကျင်းပဘူးဆိုတာမဆုံးဖြတ်ခင်တောင်းဆိုစရာတစ်ခုရှိပါတယ်"

"အင်း"

"ကျနော်မျိုးမပြည်သူတွေရှေ့မှာ အကနဲ့ဖျော်ဖြေချင်ပါတယ် ပြီးတော့ကျ‌နော်မျိုးမအကကို ဂျောင်တိုင်းသူပြည်သားတွေကြိုက်နှစ်သက်မယ်ဆိုရင် ကျနော်မျိုးမ တောင်းဆိုတာလိုက်လျောပေးဖို့လျှောက်တင်ပါတယ်"

ဂျောင်မင်းကြီးလည်းခနစဉ်းစားပြီး

"ကောင်းပြီ ရဲမက်တွေဂျောင်တိုင်းပြည်အနှံ့ကလူတွေကို လီတိုင်းပြည်က မင်းသမီးလီနာနာက အကုန်လုံးကိုအကနဲ့ဖျော်ဖြေမယ် လာ‌ရောက်ကြည့်ရှုဖို့‌ ကြော်ငြာလိုက်"

"နာခံလျက်ပါ အရှင်မင်းကြီး"

လီနာနာစိတ်ထဲတွင်တော့

'မကြာခင် ရှင်ကကျမအပိုင် ဖြစ်တော့မှာ'

ဆိုပြီးကြည်နူးနေသည်။သိပ်မကြာခင်ရဲမက်ကပြန်လာပြီး

"အရှင်မင်းကြီး ပြည်သူတွေရောက်ရှိကြောင်းပါ"

"ကောင်းပြီ"

ဂျောင်လီဟွန်းလည်း ဆွန်းယောင်းလက်ကိုကိုင်ပြီး ပြည်သူတွေစုဝေးနေတဲ့ရင်ပြင်‌ ရှေ့မှာ သွားထိုင်နေသည်။အမတ်တွေကလည်းအသီးသီးထိုင်ခုံမှာထိုင်ကြပြီး ပြည်သူတွေကတော့ မက်တပ်ရပ်ပြီး စကားတီးတိုးပြောဆိုနေကြသည်။

အရှင်မင်းကြီးကိုတွေ့တော့ ပြည်သူတွေအကုန်လုံး ဒူးထောက်လျက် လက်နှစ်ဖက်ကိုမြောက်လျက်

system 118 (Complete)Where stories live. Discover now