system space

1.7K 111 12
                                    

<Unicode>
ထယ်ယောင်း space ထဲပြန်ရောက်လာတော့ mouse က တစ်ခုခုကိုကြည့်ပြီးပြုံးနေသည်။တစ်ခါတစ်ခါကြတော့ သူ့ကြွက်လက်သေးတွေနဲ့ ပါးစပ်ကိုအုပ်ကာ တစ်ခစ်ခစ်ရီနေပြန်သည်။

ထယ်ယောင်း အရင်က mouse ရဲ့ဒီလိုအရူးထပုံကိုမတွေ့ဖူးတာကြောင့် နည်းနည်းစပ်စုချင်သွားသည်။ခြေလှမ်းကိုဖွဖွလှမ်းကာ mouse ရဲ့နောက်ကျောကနေ

"ဖြောင်း"

ဆိုတဲ့အသံကျယ်ထွက်လာတဲ့အထိ သူ့လက်ဝါးနှစ်ဖက်ကို လက်ခုပ်တီးလိုက်လေသည်။

"အမလေး host မသာ
သူ့လင်နဲ့သာယာ
papa လုပ်တာအမြဲပါ..
လန့်တာ host ရယ်"

"မင်းယောင်တာကြီးကလဲ"

"ဟီး host က ရုတ်တရက်လက်ခုပ်တီးလိုက်လို့လန့်သွားတာ"

"မင်း လက်ထဲက ဖုန်းမလား ဘာကားကြည့်နေလို့ရီနေတာလဲ ငါ့လည်းပြအုံး"

"ဟီး ဘာကားမှ မကြည့်ဘူးရယ်"

"မလိမ်နဲ့ပြစမ်း"

"အယ် host အမှတ်တွေတွက်ပေးမယ်နော် ‌

ဒီကမ္ဘာမှာ points 1000 အရင်ကဟာတွေနဲ့ပေါင်းရင်စုစုပေါင်း 9000 ရှိပါပြီး နောက်ကမ္ဘာအတွက်တော့ သင်စရာမရှိပါဘူး အတိုက်အခိုက်ကို အဆင့်မြင့်တင်ရပါမယ် "

"မြင့်လေ"

"ဟုတ် အတိုက်အခိုက်ကိုအဆင့်မြင့်တင်နေပါသည် 1%..2%..3%...100%.. complete  ဇာတ်ကြောင်းလွှဲပေးလိုက်မယ်နော် ကိုယ့်ဟာကိုဖတ်တော့"

"အရင်ကဖတ်ပြနေကြဆိုတော့ ဟွန့် မပြောလိုက်ချင်ဘူး"

"မပြောချင်ရင်မပြောပါနဲ့ လေကုန်သက်သာတယ် ဇာတ်ကြောင်းလွှဲပေးနေပါသည်... 1%..2%..3%...100%... complete "

Mouse ကတော့ ဇာတ်ကြောင်းလွှဲပေးပြီးတာနဲ့ ကိုယ်ယောင်ဖျောက်ကာ ဖုန်းကိုပြန်ကြည့်လိုက်သည်။ဖုန်း screen တွင်တော့ သူ့ host နဲ့
ဂျွန်ဂျောင်ကုရဲ့ ချွေးထုတ်ခန်းတွေက ကြည်လင်ပြတ်သားစွာတည်ရှိနေသည်။

သူကကြည့်ချင်လို့ကြည့်တာမဟုတ်ပါဘူး ပညာတွေယူနေတာပါ....တစ်မျိုးထင်မှာဆိုးလို့နော်....

ထယ်ယောင်းကတော့ သူ့ကို ဇာတ်ကြောင်းလွှဲပေးပြီတာနဲ့ပျောက်သွားတဲ့ mouse ကိုအံဩနေသည်။အရင်က ဒီလိုမပျောက်ပါဘူးဆိုပြီတွေးလိုက်သည်။သူလည်းကိစ္စရှိလို့နေမှာပါဆိုပြီးဖြေသိမ့်ကာ ဇာတ်ကြောင်းကိုဖတ်ကြည့်လိုက်သည်။

system 118 (Complete)Where stories live. Discover now