8.6

1.6K 115 8
                                    

<Unicode>
မင်ရှန်းလင် ဟင်းတွေချက်ပြုတ်ပြီးတော့တစ်ချက်မြည်းကြည့်ကာ အဆင်ပြေပြီဆိုမှ ပန်းကန်လုံးတွေထဲသေချာထည့်ကာ စားပွဲသေးပေါ်တင်လိုက်သည်။

ဟင်းပွဲတွေကိုအဝတ်ပါးနဲ့သေချာအုပ်ပြီးသူ့အိပ်ဆောင်ဆီယူလာလေသည်။သူ့အိပ်ဆောင်ရောက်တော့ လန်ကျိုးယီကအခုချိန်ထိမရောက်သေးတာကြောင့် ညီလာခံကိုထွက်လာလိုက်သည်။

ညီလာခံကိုထွက်လာတဲ့လမ်းမှာ ကျူးဟာရင်က သူ့ကိုရပ်စောင့်နေသည်။မင်ရှန်းလင် ကျူးဟာရင်ကိုတွေ့တော့ လက်နှစ်ဖက်ကိုပိုက်ပြီး

"အယို့ မိဖုရား သက်သာသွားပြီလား ကျနော်မနက်ကလာကြည့်သေးတယ် အဲ့ချိန်ကမိဖုရားက‌ မှောက်လက်ကြီးမေ့နေလို့ မနှုတ်ဆက်ဘဲပြန်လာရတယ် တောင်းပန်ပါတယ်"

"ရပါတယ် အခုဘယ်သွားမလို့လဲ ညီလာခံကိုလား"

"အဟင်း မိဖုရားတို့က ရိုက်ခံရပြီး အသိတရားတွေဝင်လို့ပါလား"

"ဒီလိုပါဘဲ ကျမက ရှင်နဲ့အဆင်ပြေချင်လို့ပါ"

"အို့ အဲ့လိုဆိုရင်တော့အကောင်းဆုံးဘဲပေါ့ ဒါဆိုကျနော်သွားပြီ မိဖုရားကိုနှုတ်ဆက်ပါတယ်"

"ငါလည်းနှုတ်ဆက်ပါတယ် မင်ကိုယ်လုပ်တော်"

မင်ရှန်းလင် ညီလာခံသွားတဲ့လမ်းမှာတစ်ခုခုကိုစိုးရိမ်နေသည်။ဘာကိုစိုးရိမ်လို့စိုးရိမ်မှန်းမသိပေ‌မဲ့စိတ်ထဲနေလို့မကောင်းဖြစ်နေသည်။တစ်ခုခုဖြစ်တော့မယ်လို့လည်းထင်နေသည်။

"ဟူး ငါစိုးရိမ်လွန်လို့နေမှာပါ ကျူးဟာရင်က ငါနဲ့အဆင်ပြေချင်တာကိုမယုံနိုင်လို့နေမှာ ဟူးဘာမှမဖြစ်ဘူး "

မင်ရှန်းလင် ကိုယ့်ကိုယ်ကိုသတိပေးနေပေမဲ့ စိုးရိမ်စိတ်ကလျော့မသွားတဲ့အပြင် ပိုတောင်ဆိုးလာသည်။
မင်ရှန်းလင်လည်း ဘာမှမတွေးတော့ဘဲ ညီလာခံခန်းမရှေ့မှာ လန်ကျိုးယီကိုရပ်စောင့်နေလိုက်သည်။

မင်ရှန်းလင် ထွက်သွားတာကို ကျူးဟာရင်ကကြည့်ပြီး ခုနက ချိုသာတဲ့မျက်နှာက ချက်ချင်းမဲ့ရွဲ့သွားပြီး

"ငရဲမှာသာသွားနေလိုက်တော့မင်ရှန်းလင် "

တီးတိုးရေရွတ်ကာ ခိုတစ်ကောင်နဲ့စာတိုတစ်လိပ်ကို တစ်နေရာပို့လိုက်သည်။ပြီးတော့ မင်ရှန်းလင်ရဲ့အိပ်ဆောင်ကိုသွားကာ စားပွဲပေါ်ကဟင်းပန်းကန်တွေဆီအမှုန့်တစ်မျိုးထည့်လိုက်ပြီး ကောက်ကျစ်စွာပြုံးကာ

system 118 (Complete)Tempat cerita menjadi hidup. Temukan sekarang