10.3

1.6K 115 6
                                    

<Unicode>
ထွန်းလင်းငယ်လည်းစိတ်မရှည်တော့တာကြောင့် ပြန်လာကာ ဂျွန်ကိုင်ထားတဲ့ယောက်မကို လုယူပြီး အေးအေးဆေးဆေးထိုင်နေတဲ့ ချစ်ဒီဇင်ဆောင်းရဲ့ခေါင်းကိုထုလိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။

ပြီးတော့ကြောင်အနေတဲ့ ဂျွန်ရဲ့ မျက်နှာကိုလက်နှစ်ဖက်နဲ့ညစ်ကိုင်ပြီး ဆူထွက်လာတဲ့နှုတ်ခမ်းကိုစုပ်ယူလိုက်သည်။

ဂျွန်လည်းအစကကြောင်အနေပေမဲ့ ခနကြာတော့ အသိပြန်ဝင်လာကာ ငယ်ရဲ့ခါး‌ကိုဆွဲဖက်လိုက်ပြီး အနမ်းတွေကို ပြန်ဦးဆောင်လိုက်သည်။

ထွန်းလင်းငယ်လည်း သူ့ဂျွန်က ပြန်နမ်းလာတာကြောင့် ပါးကိုကိုင်ထားတဲ့လက်ကို လည်ပင်းဆီပြောင်းချိတ်လိုက်ပြီး အတူတူစီးမျောပေးလိုက်သည်။

ချစ်ဒီဇင်ဆောင်းကတော့ ရုတ်တရက်သူ့ကိုလာခေါက်တဲ့ အဖေဆိုတဲ့ ထွန်းလင်းငယ်ကို စိတ်တိုပြီးကြည့်လိုက်တော့ ဂျွန်နဲ့အနမ်းချင်းဖလှယ်နေတာကြောင့် စိတ်ပေါက်ပေါက်နဲ့ စားပွဲပေါ်လက်နှစ်ဖက်နဲ့မေးထောက်ကာ စိုက်ကြည့်နေလိုက်သည်။

ထွန်းလင်းငယ်နဲ့ဂျွန်လည်း အနမ်းပင်လယ်ထဲလက်ပစ်ကူးနေတာ ဆယ်မိနစ်လောက်ကြာတော့ ထွန်းလင်းငယ်အသက်ရှုကြပ်လာလေသည်။

အဲ့ကြောင့် သူ့လက်နဲ့ ဂျွန်ရဲ့ဆံပင်ကိုဆွဲဆောင့်လိုက်သည်။ဂျွန်လည်း နာလာတာကြောင့် လွှတ်ပေးလာတော့ ထွန်းလင်းငယ်က အသက်ကိုလုရှုပြီး

"ဘာလို့ အကြာကြီးနမ်းနေတာလဲ အသက်ရှုရပ်ပြီးသေစေချင်လို့လား ဟူး .."

"ငယ်ဘဲ အရင်လာစတာနော်"

"အဲ့တာက အဲ့တာလေ ဟူး သူ့သက်လုံကောင်းတိုင်း လူကိုတအားနှိပ်စက်"

"ချစ်လို့ပါ "

"ချစ်လို့ခွင့်လွှတ်ပေးလိုက်မယ် ဟွန့် ဗိုက်ဆာနေပြီ ကျွေးတော့လေ"

"အား....ကိုယ်ဟင်းအိုးမီးမပိတ်ရသေးဘူး"

" ဘာ...ခများဟာလေ နမော်နမဲ့နဲ့"

ဆိုပြီးနှစ်ယောက်သား မီးဖိုချောင်ပြေးဝင်သွားကြသည်။ဟိုရောက်တော့ ဟင်းအိုးအဖုံးဆီက မီးခိုးတွေတအားထွက်နေတာကြောင့် ဖွင့်ကြည့်လိုက်တော့ ဟင်းတူးနံ့က နှာခေါင်းဝဆီအလည်လာသွားသည်။

system 118 (Complete)Where stories live. Discover now