7.5

1.7K 128 10
                                    

<Unicode>
ရမ်လည်း မနက်နိုးလာတာနဲ့ ဖုန်းထဲက သူ့ကိုကိုရဲ့ပုံက အာဘွားပေးလိုက်ပြီး

"Morning ကိုကို "

ဆိုပြီးနှုတ်ဆက်လိုက်သည်။ဒီနေ့သူစိတ်ကြည်လင်နေတာကြောင့် သီချင်းလေးညီးပြီး ရေချိုးဖို့ ရေချိုးခန်းထဲဝင်သွားလေသည်။

"I really really really really really really like you and I want you do you want me? do you want me too??  I really wanna stop but I just got the taste for it I feel like I could fly
with the boy on the moon so honey hold my hand you like making me wait for it I feel like I could die walking up to the room oh yeah...."

ရမ်လည်း သူသိတဲ့ သီချင်းတစ်ချို့ကိုအော်ဆိုရင်း ရေချိုးနေသည်။တစ်ခါတစ်လေဆို ခုန်ပြီးက ပါ ကလိုက်သေးသည်။

ရမ်လည်း ရေချိုးပြီးတော့ ရေချိုးခန်းထဲကနေ အောက်ပိုင်းကို တပတ်သာပတ်ပြီး တပတ်သေးနဲ့ ခေါင်းကဆံပင်တွေကိုသုတ်လိုက်သည်။

အဝတ်အစားတွေမဝတ်သေးဘဲ စိတ်ထဲကနေ system ဆီချိတ်ဆက်လိုက်သည်။

'ဟဲလို ဟဲလို'

'ဟုတ်ကဲ့  အာဂျွန်ရဲ့အသဲတုံးဖြစ်တဲ့ ကျနော် mouse ပြောနေပါတယ် အမိန့်ရှိပါ'

'နာယိုး ဂုဏ်ကဆာနေသေးတယ်'

'ဟဲ ဟဲ host ကလည်း ကျနော်ကစလိုက်တာကို ဘာမေးချင်လို့လဲ'

' ငါ ငါ့ကိုကိုရဲ့ရုပ်ကိုတွေ့ဖူးပြီ'

'ဟယ် တစ်ကယ်လား ဝမ်းနည်းစရာကြီး'

'ဝမ်းသာစရာကြီးပါ'

'ဟီး ယောင်သွားတာ ဒါနဲ့ဘယ်မှာဆုံကြတာလဲ'

'ဖုန်းထဲမှာ'

'ဟမ်'

'ဟီး ငါ့ဖုန်းထဲကို ငါ့ကိုကိုကပုံပို့လိုက်တာ'

'အော် ချောလား'

'ချောတာမှ မေးမနေနဲ့ နတ်ပြည်က အချောဆုံး‌ဆိုတဲ့နတ်သားတွေတောင်ထိုင်ငိုသွားလောက်တဲ့ထိ ချောတာ'

'အပြောတွေလျော့ '

'‌ငါပြောတာ လိုတောင်လိုသေးတယ်'

'အေးပါဆို ဘာမေးချင်လို့ ကျနော့်ကို ဆက်သွယ်တာလဲ'

'အေး ငါ့လင်ရဲ့အကြောင်းတွေသိချင်လို့'

'ကျနော့်ဖုန်းထဲ ပုံပို့ပေးလိုက်လေ ကျနော်ရှာကြည့်လိုက်မယ် အယ် မဟုတ်သေးဘူးလေ hostက hackerဘဲကို ကိုယ့်ဟာကိုယ်ရှာကြည့်လိုက်လေ  '

system 118 (Complete)Opowieści tętniące życiem. Odkryj je teraz