6.1 (ကျန်းရီစန်း) (က်န္းရီစန္း)

2.3K 143 4
                                    


<Unicode>
ထယ်ယောင်း ဒီကမ္ဘာရောက်တော့ကြမ်းတိုက်နေသည်။လက်နှစ်ဖက်ကိုကြည့်လိုက်တော့လည်းအလုပ်တွေဘယ်လောက်တောင်လုပ်ထားလဲမသိ သွေးခြေဥနေပြီ.....

အဲ့ကြောင့်ခနထိုင်နားလိုက်ပြီး

'mouse မင်းဘယ်မှာလဲ'

'အိပ်ယာထဲမှာ'

'အိပ်နေတာပေါ့'

'အင်း ဟုတ်တယ် hostကရော '

' ကြမ်းတိုက်နေတယ် system စုတ် သူကြကောင်းကောင်းအိပ်ရတဲ့လူဆီထည့်‌ပေးပြီး ငါ့ကိုကြတော့ကြမ်းတိုက်တဲ့လူဆီထည့်ပေးတယ်ပေါ့'

'မဟုတ်ပါဘူး ကျနော်ဒီကနေ ဇာတ်ကြောင်းလွဲပေးလိုက်မယ် ဖတ်လိုက်'

'အေ အမြန်လွဲ'

'ဟုတ်'

ထယ်ယောင်းလည်း system လွဲပေးတဲ့ဇာတ်ကြောင်းကိုဖတ်ကြည့်လိုက်သည်။ဒီကမ္ဘာက
တရုတ်နိုင်ငံမှာဖြစ်သည်။ ဇာတ်လိုက်နာမည်က
ချင်းမင်ယွီ နာမည်ကြီးမင်းသား ရုပ်ချောတယ် အရပ်က ၆ ပေ ၁လက်မရှည်တယ်အသက်ကအခုမှ ၂၅ နှစ်ဘဲရှိသေးတယ် ဇာတ်လိုက်မနာမည်က
ဝမ်ကျိုးမေ သူလည်း နာမည်ကြီးတဲ့ မင်းသမီးဘဲ သူတို့နှစ်ယောက်ကအရမ်းချစ်ကြတဲ့ စုံတွဲတွေ

ထယ်ယောင်းဝင်မဲ့ကိုယ်ရဲ့နာမည်က ကျန်းရီစန်း သူကဇာတ်ကြောင်းမှာ ဘာမှအရေးမကြီးတဲ့ဇာတ်ကောင်သာသာဘဲ ကျန်းရီစန်းက
ဝူယွင်ကျောင်း ဆိုတဲ့တက်သစ်စ မင်းသားရဲ့မန်နေဂျာ ဝူယွင်ကျောင်းက ချင်းမင်ယွီကိုရိုက်ကူး‌ ရေးမှာတွေ့ပြီး စိတ်ဝင်စားခဲ့တယ် အဲ့ကြောင့်
ချင်းမင်းယွီကို သူပိုင်ဆိုင်ရအောင်ဆိုပြီး ဝမ်ကျိုးမေကိုဖမ်းပြီးသတ်ဖို့ကြိုးစားခဲ့သည်။

ဒါတွေကို ကျန်းရီစန်းကသိပြီး အချိန်မလွန်ခင်တားဖို့ကြိုးစားခဲ့ပေမဲ့ လက်သွက်လွန်းတဲ့ ဝူယွင်ကျောင်းက ဇာတ်လိုက်မကိုဖမ်းပြီးပြီတဲ့လေ

ဇာတ်လိုက်ကလည်း သူ့ရည်းစားကိုထိရလားဆိုပြီး ဝူယွင်ကျောင်းကို ဖမ်းပြီးနှိပ်စက်ခဲ့သည်။နှိပ်စက်လို့ဝမှ မီးရှို့သတ်ခဲ့သည်။

ဝူယွင်ကျောင်းကို တစ်ဖက်သတ်ချစ်နေတဲ့ မန်နေဂျာဖြစ်သူ ကျန်းရီစန်းက မီးပုံထဲဝင်တိုးပြီးကယ်ခဲ့ပေမဲ့နှစ်ယောက်လုံးသေဆုံးသွားခဲ့သည်။

system 118 (Complete)Where stories live. Discover now