5.3

2.2K 153 3
                                    


<Unicode>
နောက်တစ်နေ့တွင် မားလူးစ်ကစိန်ခေါ်တာကိုလက်ခံတာကြောင့် မိုးလက်သစ်တောနဲ့ အူယာသစ်တောရဲ့နယ်စပ်မှာရှိတဲ့ လွင်ပြင်ကျယ်ကြီးမှာ နှစ်ဦးနှစ်ဖက်ကစစ်သည်ရဲမက်တွေက တိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေကြသည်။

နေ့လည်မွန်းတည့်ရောက်တော့နှစ်ဦးနှစ်ဖက်က တိုက်ပွဲကိုစတင်လေသည်။မိုးလက်သစ်တောရဲ့စစ်သည်တွေက ပုပုလုံးလုံးနှင့်သေးသေးလေးတွေဖြစ်ကြပြီး အရောင်တွေက အဖြူအမဲသာပိုများကြသည်။

အကုန်လုံးက သုံးပေမကျော်ကြပေ။အူယာသစ်တောဘက်ကသတ္တဝါတွေက ပုပုလုံးလုံးသေးသေးလေးဆိုပေမဲ့ အရောင်က အနီ လိမ္မော် နဲ့ အဝါရောင်ရှိကြသည်။အရပ်ကတော့ သုံးပေ‌ကျော်လောက်ရှိကြသည်။

နှစ်ဖက်လုံးက ခြေလျင်သာတိုက်ကြပြီး မြင်းတို့လို စီးစရာအကောင်တွေမရှိကြဘူး.....

နှစ်ဖက်လုံးက ဓါးသေးသေးလေးတွေ လှံတွေကိုကိုင်ဆောင်ထားပြီး မြေပြင်မှာထိပ်တိုက်တွေ့ပြီးတိုက်ခိုက်ကြလေသည်။

မြေပြင်တွင်တော့ အရောင်အသွေးစုံလင်စွာနဲ့သတ္တဝါတွေတိုက်ခိုက်နေပုံက စစ်ပွဲဖြစ်တာနဲ့မတူဘဲ လှပတဲ့ပန်းချီကားတစ်ခုကိုပုံဖော်နေသလိုဖြစ်နေသည်။

ထိုတိုက်တဲ့ထဲတွင်တော့ ဟားဗီရစ်ကမပါဘဲ ယူလာတဲ့အသီးတွေကို မြေပြင်ပေါ်စောင့်ကြောင့်ထိုင်ပြီးစားနေသည်။

'host စစ်တိုက်ဖို့လာတာလား အသီးလာစားတာလား'

'အသီးလာစားတာလေ ဂျွတ် ဂျွတ် ချိုတယ် စားအုံးမလား'

'ဒီ host နဲ့ စားမယ် space ထဲထည့်ပေး'

'အင့်'

ဟားဗီရစ်လည်း အသီးတွေကို space ထဲစိတ်နဲ့ထည့်ပေးပြီး နှစ်ယောက်သားအတူတူစားနေကြသည်။

ဟီလိုရစ်ကလည်း တိုက်ပွဲမှာတိုက်နေရင်း သူ့သားကိုစိတ်ပူတာကြောင့် လိုက်ရှာပြီးကြည့်လိုက်တော့ မြေပြင်ပေါ်မှာခြေဆင်းထိုင်ပြီးအသီးစားနေတဲ့သူ့သားကြောင့် စိတ်ပူတဲ့စိတ်တွေတောင်ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားသည်။

သူ့သားက ကလေးလိုဘဲရိုးသားဖြူစင်လွန်းတယ်...တစ်ခြားစစ်သည်တွေကလည်း ဟားဗီရစ်ကို မကြည်ကြတော့ဘူး သူတို့က သူတို့သစ်တောအတွက်အစွမ်းကုန်တိုက်ခိုက်နေတဲ့အချိန် ဟားဗီရစ်ကအသီးထိုင်စားနေတာကြောင့် စိတ်တွေတိုလာရသည်။

system 118 (Complete)Tempat cerita menjadi hidup. Temukan sekarang