10.6

1.5K 102 4
                                    

<Unicode>
ဂျွန် သူ့ကလေးထိုင်ချတာ‌တွေ့တော့စိုးရိမ်မှုအပြည့်နဲ့

"ငယ် ဘာဖြစ်တာလဲ"

"နာတယ် အ့"

"ဘယ်နားက နာတာလဲ ငယ်ရယ် ဆေးရုံသွားရအောင်  ambulance အမြန်ခေါ်ကြလေ"

တစ်ခြားလူတွေကလည်း သူတို့ CEO ကိုစိုးရိမ်ပြီး ဖုန်းဆက်ခါနီး ceo ပြောလိုက်တဲ့စကားကြောင့် အန်ချင်စိတ်တောင်ပေါက်သွားကြသည်။ထွန်းလင်းငယ်ပြောလိုက်တာက

"ဂျွန်ရဲ့ ကြင်နာမှုက ငယ်ရဲ့ဟောဒီနှလုံးသားကို လာထိတော့ ငယ်ကနာသွားတာပေါ့ ချစ်တယ်ဂျွန်"

ဆိုပြီး ညာလက်မနဲ့လက်ညိုးကိုကြက်ခြေခတ် အသဲပုံစံလုပ်ပြလိုက်ပြီး မျက်စိတစ်ဖက်ပါမှိတ်ပြလာသည်။

ထိုအခါမှဂျွန်က ထွန်းလင်းငယ်ကိုရင်ခွင်ထဲဆွဲထည့်ပြီး

"နောက်တစ်ခါအဲ့လိုမစနဲ့နော် ဟင့်အင်းဘယ်တုန်းမှ အဲ့လိုမစနဲ့ ကြားလားငယ်"

"အင်းပါ လာအခုတော့ ရုံးခန်းသွားရအောင်
ဗိုက်ဗိုက်ဆာနေပြီ"

"ဟုတ်ပါပြီဗျာ"

ထွန်းလင်းငယ်နဲ့ဂျွန်လည်း လက်ချင်းချိတ်ပြီး ရုံးခန်းကိုဓါတ်လှေကားနဲ့တက်သွားလေသည်။ရုံးခန်းရောက်တော့ ထမင်းချိုင့်ဖွင့်ပြီး မျက်နှာချင်းဆိုင်ထိုင်ကာ ထမင်းအတူတူစားသောက်ကြလေသည်။

ဂျွန်လည်း စားသောက်ပြီးတော့ ပြန်ခါနီးငယ်ကမပြန်ခိုင်းဘဲ အစည်းအဝေးကိုခေါ်လာလေသည်။
အစည်းအဝေးခန်းထဲ ထွန်းလင်းငယ်က CEO နေရာမှာထိုင်ပြီး ဂျွန်ကိုတော့ သူ့ဘေးမှာထိုင်ခိုင်းလေသည်။

ရှယ်ယာရှင်အကုန်လုံးစုံတော့ ထွန်းလင်းငယ်ကထပြီး

"လူစုံပြီဆိုတော့ ကျနော်အသိပေးစရာရှိတယ် မနက်ဖြန်ကစပြီး ကျနော့်ခင်ပွန်းဂျွန်က ကုမ္ပဏီရဲ့ ceo အသစ်ဘဲဒါကတိုင်ပင်နေတာမဟုတ်ဘူးနော် အသိပေးတာ သဘောမတူတဲ့လူရှိရင်ရှယ်ယာနှုတ်ပြီးထွက်သွားလို့ရတယ် "

ထွန်းလင်းငယ်ပြောလိုက်တော့ ဂျွန်က ထရပ်ပြီး

"ငယ် ကိုယ်လက်မခံနိုင်ဘူးနော် "

system 118 (Complete)Where stories live. Discover now