4.3

2.4K 159 5
                                    


<Unicode>

မျက်နှာကျက်က လေညှင်းအိမ်လိုပုံစံဖြစ်နေတာကြောင့် အံဩသွားသည်။အခန်းကိုကြည့်လိုက်တော့လည်း လေညှင်းအခန်းဖြစ်နေတာကြောင့် မနေ့ကအကြောင်းပြန်စဉ်းစားလိုက်သည်။

မနေ့က

မိုးတိမ်သာမနက်နိုးလာတော့ ခေါင်းကကိုက်နေသည်။သူမနေ့ညက စာရင်းတွေစစ်ရင်း ည နက်မှအိပ်ရသည်။ဘေးကိုကြည့်လိုက်တော့ ဘယ်သူမှမရှိ အော် မရှိဆိုလို့ သူ့အတွက်တော့ ထွေထွေထူးထူး မဟုတ် အရင်ကလည်းဘေးမှာ ဘယ်သူ့မှမရှိခဲ့ဘူး

လေညှင်းနဲ့တုန်းကလည်း ဟိုက ပန်းချီဆရာ ဆိုတော့ နိုးလာတာနဲ့ပန်းချီသာထိုင်ဆွဲနေတက်သည်။မနက်စာ နေ့လည်စာ ညစာ ဆိုရင်လည်း ဆိုင်ထမင်းနဲ့သာညားသည်။

စိတ်ကုန်လို့ အလုပ်လုပ်တော့ အလုပ်ရှင်ဖြစ်တဲ့ မိုးမီလွင် က မိန်းကလေးပီသသလို ဘေးလူတွေဆီကကြားတာတော့ အိမ်ထောင်မှုလည်းနိုင်နင်းတယ်တဲ့ အိမ်ထောင်လည်းမရှိဘူးဆိုတာကြောင့် သူ့ကိုသဘောကျမိသည်။

သူ့အကြိုက်တွေစုံစမ်းရင်းသိခဲ့ရတာက မိုးမီလွင်က sunny ဆိုတဲ့ ပန်းချီဆရာရဲ့ fanတဲ့ အဲ့တော့ သူလည်း sunny fan ဟန်ဆောင်ခဲ့သည်။sunny ရဲ့နာမည်ရင်းကိုဘယ်သူမှမသိကြသလို သူလည်းမသိ...

နောက်တော့ မိုးမီလွင်နဲ့ လက်ထပ်ဖြစ်ခဲ့သည်။သူလည်း အိမ်ကိုမပြန်ဖြစ်တော့သလို လေညှင်းနဲ့လည်း ကွာရှင်းဖို့မေ့ခဲ့သည်။

မိုးမီလွင်နဲ့လက်ထပ်ပွဲကို မိုးမီလွင်သဘောအတိုင်း နှစ်ဦးသဘောတူစာချုပ်သာချုပ်ဖြစ်ခဲ့သည်။လက်ထပ်ပြီးနှစ်ရက်ထိတော့ မိုးမီလွင်က မနက်စောစောထပြီးချက်ပြုတ်နေတက်သည်။

ဒါတွေကြောင့် သူ့ရွေးချယ်မှုမမှားဘူးလို့ထင်မှတ်ဖူးသည်။မိုးမီလွင်နဲ့လက်ထပ်ပြီးထဲက လက်ကိုင်တာထပ်မပိုခဲ့....မိုးမီလွင်ဘဲမဟုတ်ပါဘူး လေညှင်းနဲ့လည်း ဒီတိုင်းဘဲ

သုံးရက်မြောက် ညမှာတော့ မိုးမီလွင်က အတူတူနေဖို့ပြောပေမဲ့ သူ‌မနေချင် ဘာလို့လဲဆိုတာလုံးဝမတွေးတတ်ဘူး ကိုယ့်ရှေ့မှာ လှပတဲ့မိန်းကလေးတစ်ယောက်ကအတူနေဖို့ပြောနေတာကို တစ်ခြားလူတွေဆို ခံနိုင်မယ်မထင်

system 118 (Complete)Where stories live. Discover now