10.7

1.5K 111 8
                                    


<Unicode>
ထွန်းလင်းငယ်ဆက်သွယ်ကြည့်လည်း mouse ကပြန်မဖြေတာကြောင့် အနည်းငယ်စိုးရိမ်လာသည်။ထို့ကြောင့် အိမ်ပြန်ကာ laptop နဲ့ လမ်းက CCTV ကို hack ပြီးရှာကြည့်ဖို့တွေးလိုက်သည်။

"ဂျွန် အိမ်ပြန်ရအောင်"

"အင်း"

နှစ်ယောက်အိမ်ပြန်တဲ့လမ်းမှာ ထွန်းလင်းငယ်ဆီအမည်မသိဖုန်းတစ်ခုဝင်လာတာကြောင့် speaker ဖွင့်ပြီးပြောလိုက်သည်။

"ဟဲလို"

ထွန်းလင်းငယ် ပြောလိုက်တော့

"ဟဲလို ယောက္ခထီးကြီးလားဗျ"

"ဘယ်သူလဲ "

"ချစ်ဒီဇင်ဆောင်းရဲ့ ကိုကိုပါဗျ"

ထိုကောင်လေးရဲ့ပြောသံကြောင့် ဂျွန်ကဖုန်းကိုလုယူပြီး

"ဘာ နင်ဘယ်သူလဲ အခုချက်ချင်း ချစ်ဒီဇင်ဆောင်းကိုဖုန်းပေးလိုက်"

"အာ ကလေးလား မအားသေးဘူးရယ် ရေခဲမုန့်စားနေတယ်"

"နှစ်ယောက်လုံး ၄ နာရီထိုးရင် ငါ့အိမ်ကိုရောက်အောင်လာခဲ့ကြ "

"ဟုတ်ကဲ့ ယောက္ခထီးအမိန့်အတိုင်းပါဗျ"

ဂျွန်လည်းဖုန်းကိုအမြန်ချပြီး ငယ်ရဲ့လက်ဆွဲကာ အိမ်ကိုမပြေးရုံတမယ် ပြန်သွားလေသည်။

၄ နာရီထိုးတော့ ဂျွန်တို့အိမ်ရှေ့မှာ အဖြူရောင်ကားတစ်စီးထိုးရပ်လာသည်။ထို့နောက်မှာတော့ အမဲရောင်ကား ၅ စီးကတန်းစီပြီး ရပ်လာသည်။

ကားတစ်စီးမှာအမဲဝတ်စုံနဲ့လူ 4 ယောက်စီး‌ လေသည်။ခနကြာ‌တော့ ကား 5စီးထဲက အမဲဝတ်စုံတွေနဲ့ လူစုစုပေါင်းအ‌ယောက်၂၀ က လက်နက်ကိုယ်စီကိုင်ပြီးထွက်လာကြသည်။

အမဲရောင်ဝတ်စုံဝတ်ထားတဲ့လူနှစ်ယောက်ကအဖြူရောင်ကားရှေ့ခန်းကထွက်လာပြီးနောက်ကကားတံခါးကို တစ်ယောက်တစ်ဖက်စီသွားဖွင့်လေသည်။

ဘယ်ဘက်တံခါးကနေ အမဲရောင် suit ဝတ်ဆင်ထားတဲ့အသက် ၂၀ အရွယ်ကောင်လေးတစ်ယောက်က ခန့်ညားစွာထွက်လာပြီး ကျန်တဲ့တံခါးကနေတော့ ကျောင်းဝတ်စုံဝတ်ထားတဲ့ ၅ နှစ်အရွယ်ချစ်စရာကောင်လေးကထွက်လာလေသည်။

system 118 (Complete)Where stories live. Discover now