real life -1

1.8K 123 11
                                    

<Unicode>
"လူနာ အဆင်ပြေရဲ့လား"

ထယ်ယောင်းလည်း အသံကြားတာကြောင့် မျက်လုံးကို ဖြေးဖြေးချင်းဖွင့်ကြည့်လိုက်တော့ အဖြူရောင် coat နဲ့လူက လက်တစ်ဖက်ကို သူ့မျက်နှာနားလာဝေ့ပြနေသည်။

"လူနာ ဆရာ့ကိုမြင်ရလား"

ထယ်ယောင်းလည်း ခေါင်းကိုဖြေးဖြေးငြိမ့်ပြလိုက်သည်။

"လူနာက ဘာမှမဖြစ်တော့ပါဘူး မီးဆိုင်းနဲ့ဘဲထိမိတာဆိုတော့ စိတ်ပူစရာမလိုပါဘူး အခုလည်းသတိရလာပြီဘဲ အကုန်အဆင်ပြေပါတယ်"

ဆရာဝန်ပြောလိုက်တော့ ကုတင်ဘေးမှာရပ်နေတဲ့ အမတစ်ယောက်က

"ကျေးဇူးတင်ပါတယ် ဆရာ"

"ရပါတယ်ဗျ ဒါဆိုခွင့်ပြုပါအုံး"

ဆရာဝန်ထွက်သွားတော့ ထိုအမက သူ့နားလာရပ်ပြီး

"အမနာမည်က ဆွန်းဟာယူပါ ကုကီရဲ့မန်နေဂျာ ကုကီ ကိုကယ်ပေးလို့ကျေးဇူးတင်ပါတယ်မောင်လေးရယ်"

"ရပါတယ်ဗျ ဒါနဲ့ ကိုကို .. အော် ဂျွန်ဂျောင်ကုရောအဆင်ပြေရဲ့လားဗျ"

"ပြေပါတယ် ကုကီက‌ မောင်လေးကို‌ ဆေးရုံပို့‌ပေးပြီးတာနဲ့ကွန်ဒိုပြန်သွားတယ် တစ်ခုခုလိုရင် အမကိုပြောလို့ရတယ်နော် အားမနာနဲ့"

"ရပါတယ်ဗျ"

"မောင်လေးလည်းသတိရလာပြီဆိုတော့ အမကိုခွင့်ပြုပါအုံး ဆေးရုံစရိတ်တွေဘာတွေစိတ်ပူစရာမလိုဘူးနော် အမအကုန်ရှင်းပြီးသား"

"ကျေးဇူးတင်ပါတယ်ဗျ"

"ဒါအမလိပ်စာကတ် တစ်ခုခုလိုရင်ဆက်သွယ်လိုက်နော် ဒါဆို အမသွားအုံးမယ်နော်"

"ဟုတ်"

ထယ်ယောင်းလည်း ဆွန်းဟာယူပြန်သွားတော့ ဘေးတစ်စောင်းလှဲလိုက်ပြီး မျက်ရည်တွေကိုကျဆင်းခွင့်ပေးလိုက်သည်။

'ကိုကိုက ကလေးကိုမမှတ်မိဘူးဘဲ မဟုတ်ရင်အခုချိန်လောက်ဆို လာတွေ့လောက်မှာ ကလေးလေ ကိုကို့ကိုအရမ်းလွမ်းတာဘဲ '

ထယ်ယောင်းလည်းတွေးရင်းငိုနေမိသည်။သူလည်းငိုတာ ဆယ်မိနစ်လောက်ကြာတော့ မျက်ရည်တွေကိုသုတ်လိုက်ပြီး အိမ်ကိုပြန်လာလိုက်သည်။

system 118 (Complete)Where stories live. Discover now