4.5

2.3K 160 18
                                    


<Unicode>
လေညှင်းနောက်တစ်နေ့ရောက်တော့ အဖြူလက်ရှည်ကိုမှ ဘောင်းဘီရှည်အမဲရောင်နဲ့တွဲဝတ်လိုက်ပြီး ဆံပင်ကိုခပ်အုပ်အုပ်လေးဖြစ်‌အောင်ဖွလိုက်သည်။

မှန်ထဲမှာ တစ်ချက်ကြည့်ပြီးအဆင်ပြေပြီဆိုမှ ကားတစ်စီးနဲ့ ပြခန်းဆီထွက်လာလိုက်သည်။ပန်းချီကားကိုတော့ အလုပ်သမားတစ်ချို့ခေါ်ပြီး ပြတိုက်မှာထားထားတာကြောင့် သိပ်အလုပ်မရှုပ်တော့ပေ။

လေညှင်းပြခန်းရောက်တော့ လူတော်တော်များများရောက်နေပြီး သူ့ပန်းချီကားတွေကိုကြည့်နေကြသည်။သတင်းထောက်တစ်ချို့လည်း ရောက်နေပြီး သူ့ပန်းချီကားတွေကို မှတ်တမ်းယူနေကြသည်။

လေညှင်းကားထဲကထွက်ပြီး ပြခန်းထဲဝင်လာတော့ သတင်းထောက်တွေက ဓာတ်ပုံရိုက်ယူကြပြီး အမေးအဖြေလုပ်မလို့ပြင်တဲ့အချိန် fan တွေကအတင်းတွန်းတိုက်ပြီး လက်မှတ်ထိုးခိုင်းကြသည်။

လေညှင်းလည်းပြုံးပြပြီး အကုန်လုံးကိုလက်မှတ်ထိုးပေးလိုက်သည်။ဓါတ်ပုံရိုက်ချင်တဲ့လူနဲ့လည်းတွဲရိုက်ပေးလိုက်သည်။တစ်နာရီနီးပါးလောက် ပြခန်းတံခါးပေါက်မှာအချိန်ကုန်သွားသည်။

လက်မှတ်ထိုးပြီးတော့ ပြခန်းထဲဝင်လာပြီး သူ့ပန်းချီကား‌တွေကိုဒါကဘယ်လိုသ‌ဘောနဲ့ဆွဲထားတယ် ဘယ်ချိန်ဆွဲထားတယ်ဆိုတာကိုလိုက်ရှင်းပြလိုက်သည်။

သတင်းထောက်တွေကလည်း မလွတ်တမ်းမှတ်တမ်းယူနေကြသည်။တစ်ချို့ဆို live လွှင့်နေတာကြောင့် Facebook အပြင် သတင်းတွေတော်တော်များများမှာ sunny ကလေညှင်းဖြစ်ပြီး အခု ပြခန်းမှာရောက်ရှိနေကြောင်း ‌သတင်းတွေကိုတွေ့ရသည်။

တော်တော်များများလည်း ပြခန်းကိုလာရောက်ပြီး ပန်းချီတွေကိုကြည့်ရှုကြသည်။တစ်ချို့ကြတော့ လေညှင်းရဲ့ ချောမောမှုကိုလာငမ်းကြ‌လေသည်။

(လာငမ်းတဲ့လူထဲမှာ Me ထိပ်ဆုံးကပါ😆😆 )

လေညှင်းလည်း ပန်းချီတွေကိုရှင်းပြပြီးတော့ ရေသောက်ဖို့ သူ့ရုံးခန်းဆီအသွား မိန်းကလေးတစ်ယောက်နဲ့တိုက်မိလေသည်။

system 118 (Complete)Where stories live. Discover now