system space

2.4K 152 2
                                    


<Unicode>
ထယ်ယောင်း space ရောက်ရောက်ချင်း system ကိုအော်ခေါ်တော့သည်။

"Mouse ကြွက်စုတ် အခုချက်ချင်းထွက်ခဲ့စမ်း"

"ထွက်ဘူး ထွက်ဘူး"

"ဟူး mouse ရေ ယောင်းရဲ့ ချစ်ဖို့ကောင်းတဲ့ system လေးရေ ထွက်ပြီး ယောင်းယောင်းဘေးကိုလာပါအုံး"

"လာဘူး လာရင် ယောင်းယောင်းက mouse mouse လေးကိုထုတော့မှာ"

"ထုပါဘူး ဒီလောက်ချစ်ဖို့ကောင်းတဲ့ mouse mouse လေးကို လာပါအုံး"

"တစ်ကယ်ထုဘူးနော်"

"နှစ်ကယ် "

"ထုရင် ဘဲကြီးဂျွန်ဂျောင်ကုနဲ့ ဝေးပါစေ"

"ဝေးစေ"

"ဟီး လာပြီ"

ထယ်ယောင်းလည်း ကော့ကော့ ကော့ကော့နဲ့ သူ့ဆီလမ်းလျှောက်လာတဲ့ mouse ကိုပြုံးပြီးကြည့်နေသည်။အနားရောက်လာတာနဲ့ အမြှီးက ကိုင်ပြီး ညာလက်နဲ့ ဝလုံးရေးသလို ဝိုင်းဝိုင်းပြီးဝှေ့ယမ်းလိုက်သည်။

"အား !! Host ပြောတော့ မထုဘူးဆို "

"မထုဘူးလေ ဟောဒီလိုဘဲဝှေ့ယမ်းမှာ"

ဆိုပြီးအားရပါးရဝှေ့ယမ်းနေတော့သည်။အခေါက် ၁၀၀ လောက် ဝှေ့ယမ်းပြီးမှ လွှတ်ပေးလိုက်သည်။mouse လည်း ထယ်ယောင်းလွှတ်လိုက်တာနဲ့ တစ်ဝေါဝေါ နဲ့လေတွေအန်တော့သည်။

"အီး host အကျင့်ပုတ်တယ်"

"နင့်လောက်မပုတ်ဘူးနော် ဘာလို့အရင်ကမ္ဘာမှာလူပုံစံပြောင်းပြီး ငါနဲ့ကုကုကြားကန့်လန့်ကန့်လန့်နဲ့လိုက်ရှုပ်တာလဲ"

"ဒီကစေတနာနဲ့ကို host တစ်ယောက်ထဲရှိချိန်ဆိုပျင်းမှာဆိုးလို့ ကူနေပေးတာကို "

"ဘာကူနေပေးတာလဲ နင့်ကြောင့် ငါ့ကုကုလေးနဲ့တောင်ကောင်းကောင်းမပျော်လိုက်ရဘူး"

"ဟွန့် ကမ္ဘာတွေအများကြီးကျန်ပါသေးတယ်နော် တစ်ကမ္ဘာလေးဝင်နှောက်မိတာကို သွားသွား mission တွေဘာတွေလုပ်မနေနဲ့တော့ ဝိဉာဏ်ပြိုကွဲလိုက် ပြီးတော့ host ဘဲဘဲ ဂျွန်ဂျောင်ကု ကိုလည်း ကျနော်ဘဲဆွဲစားလိုက်တော့မယ် ဟွန့် "

system 118 (Complete)Where stories live. Discover now