4.2

2.3K 145 2
                                    


<Unicode>

လေညှင်း ကုတင်ပေါ် ပစ်လဲပြီး ဗိုက်ကို ညာလက်နဲ့ပွတ်ရင်း သူ့ဘေးမှာလှဲအိပ်နေတဲ့ system ကိုကြည့်လိုက်တော့ ကြွက်ပုံစံနဲ့ ခြေကားယားလက်ကားယားအိပ်နေတာတွေ့လိုက်ရသည်။ခုနကအသားကင်တွေအများကြီးစားထားတာကြောင့် ဗိုက်ကလုံးလုံးလေးဖြစ်နေပြီး မျက်လုံးမှိတ်ကာမှေးနေတဲ့ mouse ကို

'mouse အိပ်နေတာလား'

'မအိပ်ပါဘူး မျက်လုံးကိုအနားပေးနေတာ'

'အော်  ဒါနဲ့ စားသောက်ဆိုင်ကဝန်းထမ်းတွေ တော်တော်ရှုပ်ယှက် ခက်နေမှာဘဲနော်'

'မခက်အောင် ကျနော် လုပ်လိုက်ပြီ '

'အော် '

လေညှင်းလည်း မျက်လုံးမှိတ်ကာ အိပ်စက်လိုက်တော့သည်။အခုဆိုရင် ကုတင်ပေါ်မှာ ခြေကားယား
လက်ကားယားနဲ့ အိပ်နေတဲ့ ကြွက်ဘေးမှာ အလှလေးအိပ်နေတာကို‌ တွေ့နိုင်သည်။

နောက်တစ်နေ့ရောက်တော့ မနက်စာကို deliver နဲ့ဘဲမှာပြီးစားလိုက်သည်။‌ မနက်စာစားပြီး‌တော့ ပန်းချီတွေဆွဲနေလိုက်သည်။နေ့လည်စာကိုလည်း ဆိုင်ကဘဲမှာစားလိုက်ပြီး ပန်းချီသာဆွဲနေသည်။

ပန်းချီဘဲဆွဲနေတဲ့ host ကြောင့်

'host  mission မလုပ်တော့ဘူးလား'

' mission လား ဟင်းငါလည်းလုပ်ချင်ပါတယ် ခက်တာက mission ကိုဘယ်လိုစလုပ်ရမှန်းမသိဖြစ်နေတယ်'

'ဟင်??? '

'mouse ငါဘယ်ကစလုပ်သင့်လဲ ဇာတ်လိုက်နှစ်ယောက်က လက်ထပ်ပြီးပြီကို ငါသွားလုလိုက်ရင် သူတို့အိမ်ထောင်ကိုခွဲသလိုများဖြစ်သွားမလား '

'မဖြစ်ပါဘူး လေညှင်းနဲ့မိုးတိမ်သာက မကွာရှင်းသေးပါဘူး'

' ok ငါသိပြီ ဒါနဲ့ မိုးတိမ်သာနဲ့မိုးမီလွင်က တရားဝင်လက်ထပ်ပြီးပြီလား'

'No မိုးမီလွင်က ချောတဲ့လူတွေဆိုအကုန်ဆွဲစားတယ် မိုးတိမ်သာကချောတော့ ဆွဲထားတဲ့သဘော တရားဝင်‌တော့လက်မထပ်ဘူး အခုလည်း မိုးမီလွင်က အဆင်တစ်ယောက်နဲ့နေ နေတယ်'

'မိုးတိမ်သာကရော'

'အင်း သူက စိတ်ညစ်ပြီး bar မှာတစ်‌ယောက်ထဲအရက်သောက်နေတယ်'

system 118 (Complete)Where stories live. Discover now