7.7

1.7K 143 14
                                    

<Unicode>
ရမ် ဆိုဖီတို့ဆီရောက်တော့ ဆိုဖီနဲ့အာဂျွန်က အထုတ်အပိုးတွေနဲ့သူ့ကို ဧည့်ခန်းမှာထိုင်စောင့်နေတာတွေ့လိုက်ရသည်။

ရမ်လည်းရောက်တာနဲ့ဆိုဖီလက်ကိုသွားကိုင်တာကြောင့် အာဂျွန်ရဲ့မျက်နှာမှောင်မဲသွားလေသည်။
အာဂျွန်က ရမ်ရဲ့လက်ကိုအားနဲ့ ပုတ်ထုတ်လိုက်တာကြောင့် ရမ်ရဲ့လက်နာကျင်သွားရသည်။

"ဘာလို့ သူ့လက်ကိုလာကိုင်နေရတာလဲ ဒီတိုင်းထိုင်ပြီးဘဲပြော"

"ဟုတ်ကဲ့ ကျနော်မျိုးမှားသွားပါတယ်"

ရမ်လည်း အာဂျွန်ကိုမဲ့ရွဲ့ပြီးပြန်ဖြေလိုက်သည်။အာဂျွန်လည်း ဆိုဖီကိုရင်ခွင်ထဲထည့်ပြီဖက်လိုက်ပြီး ရမ်ကိုစကားစလိုက်သည်။

"ပြော "

"အင်း  ဆိုဖီငါ့ကို အာရန်ဆီအမြန်ပို့ပေးတော့ လွမ်းနေပြီ"

"အင်း ငါ့လက်ကိုကိုင်လိုက်"

"Ok"

အာဂျွန်ကတော့ ရမ် ဆိုဖီရဲ့လက်ကိုလှမ်းကိုင်တာတွေ့တော့ မျက်နှာကိုငယ်လိုက်ပြီး ဆိုဖီနဲ့ခပ်ဝေးဝေးမှာသွားထိုင်လေသည်။

ဆိုဖီ system အစွမ်းသုံးခါနီး အာဂျွန်က သူ့ကိုလွှတ်ပြီး ဝေးဝေးမှာသွားထိုင်တာကြောင့် ဘာဖြစ်တာလဲဆိုပြီးကြည့်လိုက်တော့ မျက်နှာကခေါင်းငုံ့နေပြီး လက်နှစ်ဖက်က တစ်ဖက်ကိုတစ်ဖက်ပွတ်သက်နေတာတွေ့လိုက်ရသည်။

ဆိုဖီလည်းရမ်ရဲ့လက်ကို ချက်ချင်းခါထုတ်ပြီး အာဂျွန်လက်ကိုနူးနူးညံ့ညံ့နဲ့သွားကိုင်လိုက်ပြီး

"အာဂျွန် ဘာဖြစ်လို့လဲ"

ဆိုဖီပြောလိုက်တော့ အာဂျွန်ကိုခေါင်းကိုငုံ့ပြီး ခေါင်း‌ခါပြလာသည်။အာဂျွန်ခေါင်းခါလိုက်တော့ မျက်ရည်တစ်စက်က ဆိုဖီရဲ့လက်ပေါ်ကျဆင်းသွားသည်။

ဆိုဖီလည်း သူ့လက်ပေါ် အေးစက်စက်အရည်ကျလာတာကြောင့် ကြည့်လိုက်တော့ မျက်ရည်လိုဖြစ်နေတာကြောင့် အာဂျွန်ရဲ့မျက်နှာကိုမေးဖျားက ဆွဲပြီးမော့စေလိုက်သည်။

အာဂျွန်က တိတ်တဆိတ် မျက်ရည်တွေစီးကျနေတာကြောင့် ဆိုဖီက အာဂျွန်ရဲ့ပါးပြင်ပေါ်ကမျက်ရည်တွေကိုသုတ်ပေးလိုက်ပြီး

system 118 (Complete)Donde viven las historias. Descúbrelo ahora