10.9 (end)

1.7K 105 3
                                    

<Unicode>
ထွန်းလင်းငယ်လည်း ချစ်ဒီဆောင်းတို့ပြန်သွားတော့ ဂျွန်ရဲ့ရင်ခွင်ထဲဝင်ပြီး

"ဂျွန်"

"အင်း"

"ဗိုက်ဆာတယ်"

"ကိုယ်ချက်ပေးမယ်နော်"

"ဟင့်အင်း ငယ်ချက်မယ် ဂျွန်ကအေးဆေးထိုင်စောင့်နေနော်"

"ငယ့်လက်ရာစားရအုံးမှာပေါ့ ဂျွန်တို့တော့လင်ရကံကောင်းတယ်ဟေ့"

"ဒါပေါ့ ငယ့်ကိုရတဲ့ဂျွန်ကကံကောင်းသလို
ဂျွန့်ကိုရတဲ့ငယ်ကလည်းကံကောင်းတဲ့လူသားဘဲ ဟုတ်ပြီလား"

ထွန်းလင်းငယ်လည်း ပြောပြောဆိုဆိုနဲ့မီးဖိုချောင်ဝင်သွားကာချက်ပြုတ်လေသည်။အရင်က ဟင်းနှစ်မျိုးသာချက်တတ်ပေမဲ့ system ကြောင့်အခုဆို ဟင်းတော်တော်များများချက်တတ်နေပြီ....

နှစ်ယောက်သား ထမင်းဟင်းကျက်တော့ ညစာစားပြီး အတူတူအိပ်ယာဝင်ခဲ့ကြလေသည်။

မနက်ရောက်တော့ ဂျွန်ထလာတဲ့အချိန် သူ့ဘေးမှာ ငယ်ကမရှိတော့တာကြောင့်စိုးရိမ်သွားပြီး အော်ခေါ်ကာရှာလေသည်။

"ငယ်!! ငယ် ."

"ငယ် မီးဖိုချောင်မှာ ဂျွန်"

ဂျွန်အော်ခေါ်တော့ ငယ်က မီးဖိုချောင်ကနေလှမ်းထူးလေသည်။ဂျွန်မီးဖိုချောင်ကိုဝင်သွားတော့ ငယ်က T-shirt အဖြူနဲ့ဘောင်းဘီတို အဖြူကိုတွဲဝတ်ထားပြီး ခါးမှာလည်း apron အဖြူရောင်ချည်ထားသည်။

မနက်ခင်းမှာ အ‌ဖြူရောင်နတ်သားကိုတွေ့လိုက်ရသလို ဂျွန်စိတ်ထဲခံစားလိုက်ရသည်။ပြီးတော့ သူ့ကိုကျောပေးကာ ချက်ပြုတ်နေတဲ့ငယ်ရဲ့ကိုယ်လုံးကို နောက်ကနေသွားဖက်လိုက်ပြီး ပါးကိုမွှေးကြူလိုက်သည်။

"ရွှတ် ပါးကမွှေးနေတာဘဲကွာ"

"မျက်နှာတောင်မသစ်သေးဘဲနဲ့လာနမ်းနေတယ် ညစ်ပတ်အိုးကြီး"

"ညစ်ပတ်တော့မချစ်ဘူးလား"

"ချစ်တာပေါ့ ဂျွန်ညစ်ပတ်လည်း ငယ်က ချစ်ပြီးသား"

"ယုံပါတယ်ဗျာ ကိုယ်လည်း ငယ့်ကိုအများကြီးချစ်တယ်နော်"

ဂျွန်လည်း ငယ့်ကိုနောက်ကသိုင်းဖက်ရင်း ငယ်ရဲ့လည်ပင်းကြား သူ့မေးထားပြီး

system 118 (Complete)Where stories live. Discover now