3.6

2.5K 163 2
                                    

<Unicode>

နိုင်ဆာရန်လည်း သူ့ကို ကလေးငယ်မချစ်ဘူးထင်ပြီး ရုံးခန်းထောင့်မှာထိုင်ပြီး ငိုကြွေးနေသည်။သူကလေးငယ်ကို  ဒေါသထွက်ပြီး သွာမနမ်းလိုက်သင့်ဘူး  ဝန်းထမ်းတွေအကြည့်ကြောင့် သူ့ကလေးငယ်ကို ဖွက်ထားချင်သည်။

တစ်ဆက်ထဲတွေးမိတာက သူ့ကလေးကို တစ်ခြားလူတစ်ယောက်က သူ့ဆီကလုသွားခဲ့ရင်ဆိုတဲ့အတွေးကိုတွေးကြည့်ရုံနဲ့  သူမခံစားနိုင်ဘူး ကလေးငယ်က သူ့အပိုင်ဘဲဖြစ်ရမယ် ကလေးငယ်ကိုတစ်ခြားတစ်ယောက်လက်ထဲမထည့်ပေးနိုင်ဘူး ဒါတွေကြောင့်သွားနမ်းမိတာ မှားသွားပြီ

ဒါတွေက ဘာလို့လဲ သူသေချာမသိ ငယ်ငယ်ကတည်းက ညီအရင်းတစ်ယောက်လိုချစ်ခဲ့သည်။မိဘတွေမရှိတော့ သူက အကိုကြီးတာဝန်ကျေ‌ပွန်အောင်ဆောင်ရွက်ရမယ် အကိုကြီးပီသရမယ် ဒါတွေဘဲတွေးခဲ့သည်။

ဒီခံစားချက်တွေက ဘယ်လိုကနေ ဘယ်လိုအရောင်ပြောင်းသွားလဲမသိခဲ့ဘူး သူထင်မိတာကတော့  ခံစားချက်ပြောင်းသွားတဲ့အချိန်က ကလေးငယ် သူ့အိမ်ကိုပြန်လာတဲ့အချိန်က ဖြစ်‌လောက်သည်။

သူကလေးငယ်ကိုချစ်နေမိပြီဘဲ သူသိတာကအရမ်းနောက်ကျသွားပြီ အခုချိန်ဆိုကလေးငယ်က သူ့ကိုမုန်းသွားလောက်ပြီ အိမ်ကနေလည်း အရင်ကလို ထွက်သွားလောက်ပြီ...

နိုင်ဆာရန်လည်း ထင်ချင်တာတွေထင်ပြီး ငိုနေတာမရပ်တော့ပေ။အိမ်‌မှာရောက်နေတဲ့ ချိုင်နွန်ကတော့ ဒေါသတွေထွက်နေသည်။နားမလည်နိုင်တဲ့ mouse ကလည်း မေးမြန်းနေသည်။

'host အဲ့တာ host ကုကု မဟုတ်ဘူးလား'

'ဟုတ်တယ်လေ'

'အဲ့ဒါဘာလို့ နမ်းရင်ထိုးတာလဲ'

'စိတ်တိုလို့ဟေ့'

'ဘာလို့စိတ်တိုတာလဲ'

'ငါ့ကိုချစ်တယ် အရင်မပြောဘဲ လာနမ်းနေလို့လေ ဟွန့် ပြီးတော့ နမ်းနေတာများ ငါသေတော့မယ် တောင်းပန်ပါတယ်လည်း တစ်ခွန်းမပြောဘူး ဝန်ထမ်းမမတွေနဲ့ ခင်အောင်လို့လိုက်ပြုံးပြနေတာကိုလည်း ဇွတ်ဆွဲခေါ်တယ် ပြီးတော့ ဝန်ထမ်းတွေကိုရော ငေါက်လိုက်သေးတယ် ငါကနောင်တစ်ချိန် ဝန်ထမ်းတွေနဲ့အဆင်ပြေအောင်လုပ်နေတာကို ဘာမှလည်းမမေးဘဲ ဒေါသထွက်နေသလို လာလုပ်ပြနေတယ် သူဘဲဒေါသထွက်တက်တာကြလို့ ဟွန့် အခုလည်း ဘယ်ချောင်ရောက်နေလဲမသိဘူး လိုက်ချော့မယ်မရှိဘူး'

system 118 (Complete)Where stories live. Discover now