8.9

1.6K 117 9
                                    

<Unicode>
လန်ကျိုးယီလည်း စာကိုထောင်ပြပြီး

"လျှောက်တင်စရာမရှိရင် ညီလာခံသိမ်းမယ်"

"အရှင်မင်းကြီးသက်တော်ရာကျော်ရှည်ပါစေ"³

မင်ရှန်းလင် အမတ်တွေရဲ့အော်သံကြောင့် ဆူပုတ်သွားသည်။ပြီးတော့ ချက်ချင်း လန်ကျိုးယီရဲ့ရင်ခွင်ထဲကထွက်ပြီး မင်းကြီးရှေ့မှာ သွားရပ်ပြီး အမတ်တွေကိုလက်ညိုးငေါက်ငေါက်ထိုးကာ

"အမတ်တွေက ငါ့ကိုမမြင်လို့ ဂါဝရမပြုတာလား ဒါမှမဟုတ် ငါ့ကိုမလေးမစားဆက်ဆံတာလား"

ဆိုပြီးအော်ပြောလာသည်။အမတ်တွေရဲ့မျက်နှာက မင်ရှန်းလင်ကို အထင်သေးရှုံ့ချတဲ့ပုံဖြစ်သွားကြသည်။ကျူးအမတ်ကြီးက

"ကိုယ်လုပ်တော်တစ်ပါးကိုကျနော်တို့က ဂါဝရပြုစရာမလိုကြောင်းပါ ပြုခြင်းပြု မင်ကိုယ်လုပ်တော်ကသာ ကျနော်တို့ကိုပြုရမှာပါ"

"အော် ကျနော်ကအမတ်တွေလောက်တောင် အဆင့်မရှိဘူးဆိုတဲ့သဘောပေါ့နော်"

ဆိုပြီး လန်ကျိုးယီကိုမျက်စောင်းလှမ်းထိုးလိုက်သည်။ဒါကိုအမတ်တွေကမတွေ့ပေ...ကျူးအမတ်ကြီးကတော့ ဂုဏ်ဆာတဲ့မျက်နှာပေးနဲ့

"ဟုတ်တာပေါ့ ကိုယ်လုပ်တော်ဆိုတာ အစေခံ‌ တွေနဲ့တန်းတူအဆင့်ဘဲရှိတယ်"

"အဲ့လိုလား ကျူးအမတ်ကြီးက ကျနော်ဘယ်သူလဲဆိုတာမေ့နေပုံဘဲ"

"မမေ့ကြောင်းပါ မင်ကိုယ်လုပ်‌တော်က မင်နိုင်ငံကို လန်နိုင်ငံမသိမ်းပိုက်အောင် ဆက်သခံရတဲ့ကောတစ်ယောက်ပါ"

"ကျနော်က ကောဆိုပေမဲ့ မင်မင်းသားတစ်ပါးလည်းဟုတ်တယ် ပြီးတော့ ကျနော့်ကိုမင်တိုင်းသူပြည်သားအကုန်လုံးကချစ်ခင်ပြီးလေးစားကြတာကိုရော ကျူးအမတ်ကြီးသိရဲ့လား"

"ဒါတော့ ကျနော်မျိုးမသိကြောင်းပါ"

"ကျနော့်ကိုဒီမှာချစ်တဲ့လူမရှိဘူးထင်တယ် ဒါဆိုကျနော် မင်နိုင်ငံကိုပြန်သင့်ပြီထင်တယ်"

"အကောင်းဆုံးပါဘဲ မင်ကိုယ်လုပ်တော်"

ကျူးအမတ်ကြီးကတော့အပျော်လုံးတွေဆို့ပြီးရှေ့မကြည့်နောက်မကြည့် ဇွတ်တွေပြောနေတော့သည်။ကျန်တဲ့အမတ်တွေကတော့ အခန်းရဲ့လေထုကရုတ်တရက်အေးစိမ့်လာတာကြောင့် မင်းကြီးကိုကြည့်လိုက်သည်။

system 118 (Complete)Where stories live. Discover now