1.4

3.6K 228 6
                                    


<Unicode>
ထယ်ယောင်းလည်း သူ့ကုကုလေး စားဖို့ ဆန်ပြုတ်ပြုတ်လိုက်ပြီး ဂျွန်ဂျောင်ကုကို ဂရုတစ်စိုက်ကျွေးကာ ဆေးသောက်ခိုင်းလိုက်ရသည်။ဆေးသောက်ပြီးတော့ အိပ်ခန်းထဲခေါ်သွားကာစောင်သေချာခြုံပေးပြီး အိပ်ခိုင်းလိုက်သည်။

ဂျွန်ဂျောင်ကု အိပ်ပျော်သွားမှ

'mouse  ငါ့ကုကု လေးဒီလောက်ဖျားနေတာကို ဆိုရာက လာမကြည့်ဘူးလား'

'ဂျွန်‌ဂျောင်ကု မနက်က ဆိုရာဆီဖုန်းဆက်ပြီးနေမကောင်းဘူးလို့ပြောပြတော့ ဆိုရာကဘာပြန်ပြောတယ်မှတ်လဲ'

'ဘာပြန်ပြောလို့လဲ'

'ဟင်း ဆိုရာက နင့်ဟာနင်ဂရုမစိုက်လို့ဖျားတာလေ ခံပေါ့တဲ့ ပြီးတော့ သူအကလေ့ကျင့်ရအုံးမှာမို့  မအားဘူး လာမကြည့်နိုင်ဘူး ဖြစ်သလိုနေလိုက်အချိန်တန်ရင်ပျောက်သွားမှာတဲ့ အဲ့လိုကြီးပြောလိုက်တာပါဆို'

'ငါ့ကုကုလေးသနားပါတယ် ငါ့ကုကုမိဘတွေကရော'

'ဂျွန်ဂျောင်ကုက ဂျွန်မိသားစုရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူ ဂျွန်မိသားစု ပိုင်တဲ့ကုမ္ပဏီက အများကြီးဘဲ ဂျွန်ဂျောင်ကုကို သူ့မိဘတွေက သူတို့ရဲ့သူငယ်ချင်းသားနဲ့ လက်ထပ်ဖို့ ပြောလို့ ဂျွန်ဂျောင်ကုက အိမ်ကဆင်းလာပြီ K entertainment မှာ singer နဲ့ dancer လာလုပ်နေတာ'

'သူအိမ်ကဆင်းလာတာ ကြာပြီလား'

'အင်း ၂ နှစ်လောက်ရှိပြီ ဆိုရာနဲ့က မနှစ်ကမှ စတွဲတာ ဆိုရာကလေ အစကတော့အရမ်းကိုကြင်နာတက်တာ ဂျွန်ဂျောင်ကု ကိုလည်း ဂရုစိုက်တာမှလွန်ရော အဲ့ကြောင့် ဂျွန်ဂျောင်ကု လည်း ဆိုရာကို သံယောဇဉ်တွယ်မိပြီး ရည်းစားအဆင့်ထိရောက်သွားတာ'

'သူတို့ နမ်းပြီးပြီလား'

'No No ဂျွန်ဂျောင်ကုကလေ သမာဓိအား အရမ်းကောင်းတယ် ဆိုရာက အရိပ်တွေပြလည်း
ဂျွန်ဂျောင်ကုတို့က တုပ်တုပ်မလှုပ်ဘူး အဲ့ကြောင့်ဆိုရာက နောက်ပိုင်း သိပ်အဖက်မလုပ်တော့ဘူး'

'အော် '

ထယ်ယောင်းလည်း သူ့ကုကုလေးကိုထိုင်စောင့်ပေး‌ နေရင်း အိပ်ငိုက်လာကာ ကုတင်ပေါ်ခေါင်းငိုက်ကျပြီး အိပ်ပျော်သွားသည်။

system 118 (Complete)Donde viven las historias. Descúbrelo ahora