4.6

2.4K 156 7
                                    

<Unicode>
လေညှင်းလည်း သူ့ကိုရင်ခွင်ထဲဆွဲသွင်းတဲ့လူကိုကြည့်လိုက်တော့ မိုးတိမ်သာဖြစ်နေတာကြောင့်ပျော်သွားသည်။

မိုးတိမ်သာကိုကြည့်လိုက်တော့လည်း မိုးမီလွင်ကို ဒေါသထွက်နေတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်နေတာတွေ့လိုက်ရသည်။မိုးမီလွင်လည်း သူ့ကို‌တွန်းတဲ့လူက မိုးတိမ်သာဖြစ်နေတာကြောင့်စိတ်တိုသွားသည်။ပြီးတော့ သူချိန်နေတဲ့အဆင်ကိုလည်း ရင်ခွင်ထဲဆွဲသွင်းလိုက်သေးတယ်...

"မိုးတိမ်သာ မင်းဘာလို့ငါ့ကိုတွန်းတာလဲ"

"အတွန်းမခံချင်ရင် ငါ့ခင်ပွန်းနဲ့ဝေးဝေးနေ"

"ခင်ပွန်း...မောင် သူပြောတာဟုတ်လားဟင်"

"အင်း ဟုတ်တယ် ဒါကျနော့်အမျိုးသားမိုးတိမ်သာပါ "

"မဖြစ်နိုင်ပါဘူး "

"ဘာမဖြစ်နိုင်တာလဲ မယုံဘူးလား သက်သေပြမယ်လေ ဒီမှာကြည့်"

မိုးတိမ်သာလည်း လေညှင်းရဲ့နှုတ်ခမ်းကို နမ်းရှိုက်လိုက်သည်။သတင်းသမားတွေကတော့ အဆက်မပြတ်ဓါတ်ပုံတွေရိုက်ယူနေကြသည်။မိုးမီလွင်ကတော့ တောက်စ်တစ်ချက်ခေါက်ကာ ထိုနေရာကနေထွက်သွားလေသည်။

မိုးတိမ်သာ မနေ့က လေညှင်းအိမ်မှာ မနက်စာစားပြီး ဘဏ်ကိုပိုက်ဆံသွားထုတ်ဖို့ထွက်သွားပြီး လမ်းတစ်ဝက်ရောက်တော့ လေညှင်းကိုလည်း ခေါ်သွားမယ်ဆိုပြီးတွေးမိတာကြောင့် အိမ်ပြန်လာတော့ ကောင်လေးတစ်ယောက်နဲ့ရီပြီး မနက်စာစားနေတာ‌ကိုတွေ့တာကြောင့် တောက်စ်တစ်ချက်ခေါက်မိသွားသည်။

လေညှင်းနဲ့တစ်ခြားတစ်ယောက်ကိုအခုလိုတွဲတွေ့လိုက်တော့ ဘာရယ်မဟုတ် ရင်ထဲတင်းကြပ်သွားသည်။အရင်က ဒါမျိုးမဖြစ်မိပေမဲ့ အခုက ဘယ်လိုဖြစ်သွားမှန်းမသိ ရင်ထဲမှာ ဝမ်းနည်းသလိုလို စိတ်တိုသလိုလို ဘဲ ခံရခက်တယ်....

သူလည်း ဘဏ်မှာ မိုးမီလွင်ပေးတဲ့ ပိုက်ဆံတွေသွားထုတ်ပြီး ဟိုတယ်မှာအခန်းငှါးကာ တစ်ညလုံးအရက်ထိုင်သောက်‌နေလိုက်သည်။

မနက်ရောက်တော့ ခေါင်းကသိပ်မကြည်တာကြောင့် ခေါင်းကြည်သွားအောင်ရေချိုးလိုက်ပြီး Facebook ပေါ်မှာ သတင်းတွေလျှောက်ကြည့်မိသည်။

system 118 (Complete)Où les histoires vivent. Découvrez maintenant