2.9

2.4K 156 2
                                    


<Unicode>
လီနာနာ ဆွန်းယောင်းမျက်နှာကို တွေ့လိုက်ကတည်းက ထိုလူကိုသူပိုင်ရမယ်ဆိုပြီးတေးမှတ်ထားလိုက်သည်။

ထိုအချိန်ကစပြီး ဆွန်းယောင်းနဲ့ပတ်သက်တာမှန်သမျှစုံစမ်းခဲ့သည်။နာနာအသက် 18ပြည့်တော့ ဆွန်းယောင်းနဲ့ဂျောင်မင်းကြီး ချစ်သူတွေမှန်းသိလိုက်ရသည်။ဆွန်းယောင်းတို့နှစ်ယောက်ကိုလည်း ပျက်အောင်ကြိုးစားဖို့ကြံတော့သည်။

ဂျောင်အမတ်တွေကို လာဘ်ထိုးပြီးတော့ ဂျောင်မင်းကြီးနဲ့တစ်ခြားမိန်းကလေးကိုလက်ထပ်ဖို့တိုက်တွန်းစေခဲ့သည်။

နာနာ အနေနဲ့ကတော့ ဂျောင်မင်းကြီးသာတစ်ခြားလူနဲ့လက်ထပ်ခဲ့ရင် ဆွန်းယောင်းကိုသွားတင်တောင်းမယ် လက်မခံရင်တော့ တစ်ခုခုလုပ်ပစ်ရမယ်ဆိုပြီးတွေးထားသည်။

နောက်ဆုံးတော့လည်း ဆွန်းယောင်းနဲ့သာညားသွားတာကြောင့် အခုလိုဂျောင်နိုင်ငံကို နှစ်နိုင်ငံချစ်ကြည်ရေးအနေနဲ့ လာခဲ့ခြင်းပင်။

ဂျောင်နိုင်ငံရောက်တော့ ဂျောင်မင်းကြီးနဲ့ ဆွန်းယောင်းကအရမ်းချစ်ကြတာတွေ့တော့ ပိုင်ဆိုင်လိုစိတ်အပြင် သဝန်တိုစိတ်တွေပါ ပိုများလာခဲ့သည်။

ဆွန်းယောင်းသာ သူ့ကိုလက်ခံရင် တစ်ခြားဘာမှမမှုဘူး အခုလို ဆွန်းယောင်းနဲ့အတူတွဲကရတော့ ပိုင်ဆိုင်လိုစိတ်က ပိုများလာသည်။

သူ့အကိုဆွန်းယောင်းကအရမ်းလှတယ် အရမ်းလှလို့လည်း သူ့က ပိုင်ဆိုင်ချင်တာမဆန်းပါဘူး ဂျောင်မင်းကြီးတောင်မှ အကိုဆွန်ယောင်းအလှကနေရုန်းမထွက်နိုင်ဘူးမလား

.............

ဆွန်းယောင်းလည်း အရင်ကအကြောင်းတွေကိုမှတ်မိသွားတော့ ကနေရင်း

"အော် အကိုကယ်ခဲ့တဲ့ ကလေးမက ဒီလောက်ထိတောင်အရွယ်ရောက်လာပြီကိုး"

"အကို နာနာ လှလာလား"

"အင်း လှလာပါတယ်"

"အကို နာနာကိုရော ချစ်ဖို့ကောင်းတယ်ထင်လား"

"အင်း ကောင်းပါတယ်"

"အဲ့ဆို နာနာကိုချစ်လား"

system 118 (Complete)Where stories live. Discover now