<Unicode>
(ထယ်ယောင်းကို ချိုင်နွန်လို့ဘဲရေးတော့မယ်နော်)ချိုင်နွန် ဖရာနွန်အိမ်တော်ကိုကားငှါးပြီးပြန်တော့ ပိုက်ဆံမရှိလို့ mouse ဆီကအကူအညီယူရသေးသည်။အိမ်တော်ရှေ့ရောက်တော့ ခြံထဲမှာ အလုပ်လုပ်နေတဲ့ ခြံစောင့် ဦးဝပ် က ချိုင်နွန်ကိုတွေ့ပြီး
"သခင်လေးပြန်လာပြီလား သခင်ကြီးကတောင် သခင်လေးကိုနေ့တိုင်းမျှော်နေတာ "
ဦးဝပ်လည်း ခြံတံခါးကိုဖွင့်ပေးပြီး အိမ်ထဲဝင်စေလိုက်သည်။ချိုင်နွန် အိမ်တော်ကိုကြည့်လိုက်တော့ နန်းတော်သမျှခမ်းနားတာကိုတွေ့လိုက်ရသည်။
'mouse ဦးဝပ်ပြောတဲ့ သခင်ကြီးက အခုဘယ်မှာလဲ'
'ကုမ္ပဏီမှာပါ'
'အော်'
ချိုင်နွန်လည်း အခုထိသူ့ဘေးမှာရပ်နေတဲ့ ဦးဝပ်ကို
"ဦးဝပ် ကျနော် ရေချိုးပြီး နားလိုက်အုံးမယ် အကိုနိုင်ဆာရန် ပြန်လာရင် နိုးပေးပါ"
"ဟုတ်ကဲ့ပါ သခင်လေး"
ချိုင်နွန်လည်း သူ့အခန်းထဲပြန်ပြီး ရေချိုးကာ အိပ်စက်လိုက်သည်။ကားစီးရတာအရမ်းပင်ပန်းလို့😂😂တစ်ခါတည်း အိပ်ပျော်သွားသည်။
နေ့လည် ၁၂ နာရီထိုးတော့ နိုင်ဆာရန်ပြန်လာလေသည်။အိမ်ရောက်တော့ ပြုံးနေတဲ့ ဦးဝပ်ကြောင့်
"ဦးဝပ် ဘာတွေပြုံးနေတာလဲ ကလေးငယ်ပြန်ရောက်လာလို့လား"
နိုင်ဆာရန် ပြောပြီးမှ ဝမ်းနည်းသွားသည်။သူ့ကလေးငယ်က ပြန်လာတယ်ဆိုတာဖြစ်မှမဖြစ်နိုင်တာ ကလေးငယ်မိဘတွေက သူ့ကိုမွေးစားပြီးမှ ကလေးငယ်ကိုမွေးဖွားခဲ့ကြသည်။ဒါပေမဲ့ မိဘတွေကတော့ သူ့ကိုရော ကလေးငယ်ကိုရော တန်းတူချစ်ပေးသည်။
ကလေးငယ်မိဘတွေ သေဆုံးသွားတော့ ကလေးငယ်က အရင်ကထပ် စကားပိုနည်းလာသည်။အပြုံးအရယ်ဆိုတာလည်းရှားလာသည်။သူ့ကိုလည်း ခပ်တန်းတန်းသာနေလာသည်။
ကျောင်းတက်ချိန်ရောက်တော့ ကလေးငယ်က သူတစ်ယောက်ထဲနေချင်တယ် ဆိုပြီး တိုက်ခန်းငှါးကာနေသည်။ပြီးတော့ နမ်ဆိုတဲ့မိန်းကလေးတစ်ယောက်ကိုချစ်မိသွားလို့ သူတို့အိမ်မှာ အစေခံတောင်သွားလုပ်သည်တဲ့လေ အဲ့အကြောင်းတွေသိရတော့ ရင်ဘက်ထဲကမသိမသာလေး နာကျင်သွားသည်။
YOU ARE READING
system 118 (Complete)
Fanfiction"မဂ်လာပါ Host " "မဂ်လာပါ system နာမည်ဘယ်လိုခေါ်လဲ ရုပ်ကရော ချောလား မချောရင် ငါလက်မတွဲချင်ဘူးနော် ရုပ်လည်းလာပြပါအုံး နင်ဘယ်မှာလည်း" "Host ကစကားအရမ်းများတာဘဲ" Start date -28.8.2023 End date -17.11.2023 "မဂ္လာပါ Host " "မဂ္လာပါ system နာမည္ဘယ္လိုေခၚလ...