5.10 end

2.1K 154 8
                                    

<Unicode>
နောက်တစ်နေ့တွင် ဟားဗီရစ်နဲ့မီယိုစီ တို့တိုက်ခိုက်ဖို့လွင်ပြင်တွင်အဆင်သင့်ဖြစ်နေကြသည်။‌ ဘေးတွင်တော့အကောင်လေး‌တွေကစိတ်ဝင်တစားကြည့်နေကြသည်။ဟားဗီရစ်လက်ထဲတွင်တော့ တုတ်ချောင်းတစ်ချောင်းသာရှိပြီး မီယိုစီလက်ထဲတွင်တော့ ဓါးတစ်လက်နဲ့ လှံတစ်ချောင်းကိုင်ထားလေသည်။

"ဟားဗီရစ် ဟားဗီရစ် တုတ်ချောင်းလေးတစ်ချောင်းနဲ့ငါ့ကိုတိုက်မလို့လား"

"ငါကနင့်လို ငကြောက်မှမဟုတ်တာ "

"ဘာ မင်း မင်း "

"ဘာမင်းလဲ နင်ကသာငါ့ကိုကြောက်လို့ ဓါးတွေလှံတေကိုင်နေတာမလား အချိန်မရှိဘူး အမြန်တိုက်ရအောင် မင်းရဲ့အဖေဆိုတဲ့ခေါ်သံလေးကြားချင်ပြီ"

ဟားဗီရစ်ပြောလိုက်တော့ မီယိုစီက ဒေါသထွက်လာပြီး သူကိုင်ထားတဲ့လှံနဲ့ ဟားဗီရစ်ကိုလှမ်းပစ်လိုက်သည်။

ဟားဗီရစ်လည်း သူ့ဆီဦးတည်လာတဲ့လှံကို အေးအေးဆေးဆေးဘေးကိုရှောင်လိုက်ပြီး

"အားကလည်းပျော့လိုက်တာ "

"ဒါဆို ငါ့ဓါးအစွမ်း မြည်းကြည့်လိုက်"

မီယိုစီကလည်း ပြောရင်း ဓါးကို ဟားဗီရစ်‌ဆီဦးတည်ပြီး ပြေးသွားလေသည်။ဟားဗီရစ်ကလည်း

"ဝါး ပျင်းလိုက်တာ"

ဆိုပြီး ပြောကာ ပြေးလာနေတဲ့မီယိုစီရဲ့ခြေထောက်ဆီ သူကိုင်ထားတဲ့တုတ်ချောင်းနဲ့လှမ်းပစ်လိုက်သည်။တုတ်ချောင်းကသေးပေမဲ့ အားနဲ့ပစ်လိုက်တာကြောင့် မီယိုစီ ဘုန်းကနဲလဲကျသွားသည်။

(တရုတ်ကားတွေအကြည့်များသွားလို့😂😂)

မီယိုစီလဲကျသွားတာနဲ့ ဟားဗီရစ်ကအရှိန်နဲ့ပြေးလာပြီး မီယိုစီကိုယ်လုံးပေါ်ခွတက်လိုက်ပြီး

"ရား ငါ့ကိုစိန်ခေါ်ချင်တဲ့ကောင် အင့်ဟာ ဘုန်း ဘုန်း သေစမ်း ငါ့ကိုများအထင်သေးရဲတယ် အင့်ဟာ ခွပ် ခွပ်"

သူ့လက်သေးသေးလေးတွေနဲ့ မီယိုစီကိုယ်လုံးကိုထုရိုက်လေသည်။မျက်နှာတွေကိုလည်းထိုးလိုက်ပြီး အပေါ်ကနေအားရပါးရ အော်ပြောပြီး ထုရိုက်လေသည်။

system 118 (Complete)Where stories live. Discover now