8.8

1.6K 129 11
                                    

<Unicode>
မင်ရှန်းလင် တစ်လမ်းလုံး လန်ကျိုးယီရဲ့လည်ပင်းကိုသိုင်းဖက်ပြီးလိုက်လာတာ လန်ကျိုးယီအိပ်ဆောင်ရောက်လည်းမလွှတ်ပေးဘဲ ဆက်ဖက်တွယ်ထားသည်။

လန်ကျိုးယီ သူ့ကိုဖက်တွယ်ထားတဲ့ပေါင်ပေ့ကိုကြည့်ပြီး

"ပေါင်ပေ့ ကိုယ်တောင်းပန်ပါတယ် ကိုယ်ရှေ့မကြည့်နောက်မကြည့်ဘဲပေးလိုက်တဲ့အမိန့်ကြောင့် ပေါင်ပေ့ငိုရတာ"

"အင်း ဟုတ်တယ် အဲ့ကြောင့်ကောကောကိုအပြစ်ပေးရမယ်"

"ဘယ်လိုအပြစ်ဘဲဖြစ်ဖြစ် ကောကောလက်ခံပါတယ် တစ်ခုဘဲ ကောကောနားကထွက်မသွားရဘူး"

"ထွက်မသွားပါဘူး ပေါင်ပေ့က ကောကောနှင်ထုတ်လည်း ဆက်ပြီးကပ်တွယ်နေမဲ့ တောက်တဲ့လေး"

"အင်းပါ အဲ့ဆိုဘယ်လိုအပြစ်ပေးမှာလဲ"

"အင်း...ပေါင်ပေ့ကို ကောကောဘယ်သွားသွားကလေးလေးလိုပွေ့ချီသွားရမယ် ဘယ်လိုလဲ"

"အမိန့်နာခံလျက်ပါ ကိုယ့်ရဲ့ဧကရီလေး"

"ဘာ ဧကရီလည်း "

"ပေါင်ပေ့ကို ကိုယ်က ဧကရီမြှောက်မယ် ပြီးရင်
ပေါင်ပေ့ကကိုယ့်ရဲ့တစ်ဦးတည်းသော ကြင်ယာဖြစ်မှာ"

"တစ်ကယ်လား"

"တစ်ကယ်ပေါ့"

"ဟီးအရမ်းချစ်တယ် အာဘွား"

မင်ရှန်းလင်လည်း သူ့ကောကောကိုဖက်တွယ်လျက်ဘဲ နဖူးကိုအာဘွားပေးလိုက်သည်။

"အာ ခုနက ပေါင်ပေ့ပြောတာ ဘယ်သွားသွားဆိုတော့ အပေါ့အလေးသွားရင်ရောလား"

"ဟာ ကောကောညစ်ပတ်ကြီး အဲ့ချိန်တော့ မလိုက်ပါဘူး အီးအီးတွေပေသွားမှာပေါ့လို့"

"မပေအောင်ကိုယ်က လုပ်မှာပေါ့"

"ဟာ တော်ပြီအိပ်တော့မယ်"

"အင်း အင်း မအိပ်ခင် ကိုယ်လက်သန့်စင်ပြီး အဝတ်လဲလိုက်အုံး ညစ်ပတ်နေတာဘဲ မျက်နှာကလည်းကြောင်ချီးရုပ်ဖြစ်နေပြီ"

"ဟာ အဲ့တာကောကောကြောင့်ဘဲလေ "

"ဟုတ်ပါတယ်ဗျာ လာကောကောနဲ့အတူတူချိုးရအောင်"

system 118 (Complete)Where stories live. Discover now