2.10 end

2.6K 166 8
                                    

<Unicode>
ဂျောင်လီဟွန်းလည်း ဆွန်းယောင်းရင်ခွင်ထဲတိုးဝင်ပြီး ရှိုက်ငိုမိသည်။

"ကိုယ် ခုနကအရမ်းလန့်သွားတာ ယောင်းလေးသာ တစ်ခုခုဖြစ်သွားရင် ကိုယ် အီးဟီး နောက်တစ်ခါအဲ့လိုဖြစ်ရင် ကိုယ်တစ်ကယ် သေသွားနိုင်တယ် သိလားဟင့်"

"တိတ်ပါတော့ ယောင်းလေး ဝမ်းသာစရာ ပြောပြမလို့"

"ဘာများလဲ"

"ယောင်းလေးမှာလေ ကလေးလေးရှိနေပြီ"

"တကယ်လား"

"ဟုတ် တစ်ပတ်ဘဲရှိသေးတယ်"

"ကျေးဇူးပါ ကိုယ့်အတွက် ယောင်းလေးက အဖိုးမဖြတ်နိုင်တဲ့ ရတနာလေးပါဘဲ"

ဂျောင်လီဟွန်းနဲ့ဆွန်းယောင်းကလည်း တစ်နေကုန်ပွေ့ဖက်ပြီးအိပ်စက်နေကြသည်။နန်းတော်ထဲတွင်တော့ မိဖုရားမှာကိုယ်ဝန်ရှိနေပြီဆိုပြီး သတင်းပြန့်နေတော့သည်။

နောက်တစ်နေ့ရောက်တော့ မယ်တော်ကြီးက ဆွန်းယောင်းဆီရောက်လာပြီး

"ဆွန်းယောင်းလေး နေရတာသက်သာလား"

"ဟုတ်သက်သာပါတယ် မယ်တော်ကြီးကိုဂရဝါပြုပါတယ်"

"သက်တောင့်သက်သာနေပါ ဒီမှာ မယ်တော်ကြီးဆေးကျိုလာတယ် ကလေးအတွက်ကော ဒဏ်ရာအတွက်‌ရောကောင်းတယ် သောက်လိုက်နော်"

"ကျေးဇူးတင်ပါတယ် မယ်တော်ကြီး"

"ရပါတယ် နန်းဆက်ခံသူကိုသာဂရုစိုက်"

"ဟုတ်"

"ကဲ အဲ့ဆိုနားလိုက်အုံး ဒဏ်ရာကမသက်သာသေးဘူးမလား မယ်တော်ကြီး ပြန်လိုက်အုံးမယ် "

"ဟုတ်ကဲ့ပါ မယ်တော်ကြီး ဖြေးဖြေးပြန်ပါ"

မယ်တော်ကြီးလည်း သူ့နန်းဆောင်ကိုပြန်သွားပြီး ခနကြာတော့ ဂျောင်လီဟွန်းက ညီလာခံကနေပြန်လာသည်။

"ယောင်းလေးရေ"

"ဗျာ ကိုကို"

"လာပါအုံး ယောင်းလေးကိုလွမ်းလွန်းလို့"

"အပိုတွေခုနကဘဲ ထွက်သွားတာကို"

"ဘာဘဲဖြစ်ဖြစ် လွမ်းတယ် ယောင်းလေးရော မလွမ်းဘူးလား ကိုယ်က ယောင်းလေးကိုရော ဟောဒီဗိုက်ထဲမှာရှိတဲ့ကလေးကိုရော သိပ်သိပ်လွမ်း"

system 118 (Complete)Tempat cerita menjadi hidup. Temukan sekarang