1.6

3.4K 205 4
                                    


<Unicode>
နောက်တစ်နေ့ရောက်တော့ ထယ်ယောင်းဂျွန်ဂျောင်ကုဆီထွက်လာသည်။ဟိုရောက်တော့ မနက်စောစောတိုက်ခန်းရှေ့မှာ ဖက်နေကြတဲ့ ဂျွန်ဂျောင်ကုနဲ့ဆိုရာကြောင့်မျက်ရည်ဝဲလာသည်။

ဂျောင်ကု က သူ့ကိုကျောပေးထားတာကြောင့် မမြင်ရပေမဲ့ဆိုရာက သူ့ကိုမြင်ပြီး နှုတ်ခမ်းတစ်ဖက်တွန့်ပြပြီးဂျွန်ဂျောင်ကုကို လှမ်းနမ်းဖို့ပြင်နေတာကြောင့် ဆက်မကြည့်တော့ဘဲ မျက်ရည်တွေနဲ့လှည့်ထွက်လာခဲ့သည်။

သူသွားနေရင်း ကားတစ်စီးက သူ့ဆီမောင်းလာတာတွေ့တော့ မရှောင်တော့ဘဲ မျက်လုံးမှိတ်ပြီး လက်နှစ်ဖက်ကိုဆန့်တန်းပြီး ကားတိုက်လာမဲ့အချိန်ကို မျက်ရည်တွေနှင့်စောင့်ကြိုနေမိသည်။

တကယ်ပါ သူထင်ခဲ့တာ ဂျွန်ဂျောင်ကုလည်း သူ့ကိုချစ်နေတယ်လို့ထင်ခဲ့တာ ဟိုကအခုချိန်ဆို အနမ်းပင်လယ်ဝေနေလောက်ရောပေါ့ သူသေသွားရင် ဂျွန်ဂျောင်ကုအချစ်ကလွဲရင် ကျန်တာအကုန်ပြန်ရတော့မှာဘဲ သေသွားလည်း အရှုံးမရှိပါဘူး ဆိုပြီး မဖယ်ဘဲဆက်ရပ်နေသည်။

ကားကသူ့ဆီရောက်ခါနီး ကားတိုက်ရမဲ့အစား လူတစ်ယောက်ကသူ့လက်တစ်ဖက်ကိုဆွဲလိုက်ပြီး နွေးထွေးတဲ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

" ယောင်းလေး ဘာလို့အဲ့လိုလုပ်ရတာလဲ ကိုယ့်ကိုထားခဲ့ဖို့ကြံနေတာလား ဟမ်း ကိုယ်သာအချိန်မှီရောက်မလာရင်ဘယ်လိုလုပ်မလဲ ‌"

"ခများ ဆိုရာနဲ့နမ်းနေတာမဟုတ်ဘူးလား ဘယ်လိုလုပ်ဒီရောက်လာတာလဲ"

"ယောင်းလေးကအထင်လွဲနေတာပါ ဆိုရာက ယောင်းလေးအထင်လွဲအောင် တမင်လုပ်ပြလိုက်တာ တော်သေးတာပေါ့ ကိုယ် နောက်လှည့်ကြည့်လိုက်မိလို့ မဟုရင် ယောင်းလေးကို ကိုယ်...ဟင့်.."

ဂျွန်ဂျောင်ကု လည်းပြောနေရင်း ငိုချလာသည်။
ခုနက ယောင်းလေးကို ကားနဲ့တိုက်မဲ့အချိန်မှာ သူ့မှာအရမ်းကြောက်သွားတာ...ဆိုရာကိုလည်း စိတ်ပျက်သွားသည်။

.................
မနက်က သူမနက်စာစားဖို့ ဆိုင်ကိုသွားခါနီး တိုက်ခန်း‌ ရှေ့မှာ ဆိုရာနဲ့ဆုံသည်။

system 118 (Complete)Hikayelerin yaşadığı yer. Şimdi keşfedin