8.5

1.7K 128 12
                                    

<Unicode>
လန်ကျိုးယီလည်း တုတ်ကိုင်ကာ မိဖုရားကိုအရင်ရိုက်လေသည်။ကျူးဟာရင် ခုံတန်းပေါ်မှာလှဲနေပြီး သူ့ဖင်ကို မင်းကြီးက တုတ်နဲ့မညှာမတာရိုက်နေတာကြောင့် အော်ငိုပြီးတောင်းပန်ရလေသည်။

"ဟာရင် တောင်းပန်ပါတယ် အ့ မရိုက်ပါနဲ့တော့ အ့ နာလို့ပါ အ့ ဟာရင်ကိုလွှတ်ပေးပါ အ့"

"မင်းကို ငါရိုက်တာ အခုမှ ဆယ်ချက်တောင်မပြည့်သေးဘူး အပိုတွေလုပ်ပြီးအော်မနေနဲ့ ငါ့ပေါင်ပေ့ကိုတောင်ရိုက်ခိုင်းရဲတယ် နင်လည်းရိုက်ခံရဲရမှာပေါ့ အင့်ကွာ ကဲဟာ ငါ့ပေါင်ပေ့ကိုရိုက်ခိုင်းအုံး"

"တောင်းပန်ပါတယ် အ့ နောက်မရိုက်ခိုင်းတော့ပါဘူး အ့"

လန်ကျိုးယီ သူ့အားနဲ့တစ်ချက်ရိုက်လိုက်တိုင်း ကျူးဟာရင် တစ်ကိုယ်လုံးနာပြီးစပ်သွားသလိုခံစားရသည်။

လန်ကျိုးယီရဲ့အားကြောင့် ကျူးဟာရင် အချက် ၄၅
မှာတင်သွေးတွေအန်ချကာ မေ့မြောသွားလေသည်။
မေ့သွားလည်း လန်ကျိုးယီကတော့ အချက် ၅၀ ပြည့်အောင်ဆက်ရိုက်ပြီးမှ တစ်ခြားကျန်တဲ့လူတွေကိုဆက်ရိုက်လေသည်။

(ကောကောရက်စက်😂😂)

ကျူးဟာရင်တင်မဟုတ် ရိုက်ခံရတဲ့ရဲမက်နှစ်ယောက်ရယ် အစေခံနှစ်ယောက်လည်းမေ့မြောသွားကြသည်။

လန်ကျိုးယီ လည်းအကုန်လုံးကိုရိုက်ပြီးမှ ဘေးမှာရှိနေကြတဲ့ရဲမက်တွေရော အစေခံတွေကိုရော ဝေ့ဝိုက်ကြည့်လိုက်ပြီး

"နောက်တစ်ခါ ငါ့ပေါင်ပေ့ကိုအနိုင်ကျင့်တယ်ကြားလို့ကတော့ ခေါင်းနဲ့ကိုယ်တစ်ခြားစီဖြစ်ပြီသာမှတ်"

လန်ကျိုးယီအံကြိတ်ကာအကုန်လုံးကိုပြောလိုက်ပြီး မင်ရှန်းလင် အိပ်ဆောင်ဆီပြန်ကြွချီသွားသည်။
မင်ရှန်းလင်အိပ်ဆောင်ရောက်တော့ မင်ရှန်းလင်က ကုတင်ပေါ်မှာ အဖြူရောင်ဝတ်စုံနဲ့ နတ်သားတစ်ပါးလိုထိုင်နေသည်။

သူ့ကိုတွေ့တော့ပြုံးပြလာပုံက အပြစ်ကင်းစင်ပြီးချစ်ဖို့ကောင်းသည်။လန်ကျိုးယီလည်း ပေါင်ပေ့ရဲ့ပေါင်ပေါ်ခေါင်းအုံးလိုက်ပြီး

system 118 (Complete)Where stories live. Discover now