5.2

2.3K 156 4
                                    

<Unicode>

(ထယ်ယောင်းကို ဟားဗီရစ်လို့ဘဲသုံးတော့မယ်နော်)

နောက်တစ်နေ့မနက် ဟားဗီရစ် နိုးလာပြီး သူ့အဖေဆီအရင်သွားလိုက်သည်။သူ့အဖေနဲ့အတူ ဇာတ်လိုက်ဖြစ်တဲ့ဟေးဒီရန်တို့အပြင် လက်စီနန်နဲ့ သစ်တောကသတ္တဝါတော်တော်များများက အစည်းအဝေးထိုင်နေကြသည်။

ဟားဗီရစ်လည်း ထိုနေရာကိုသွားပြီး တိတ်တိတ်ကလေးဝင်နားထောင်နေလိုက်သည်။

"ခေါင်းဆောင် အူယာသစ်တောရဲ့ခေါင်းဆောင်ဖြစ်တဲ့မားလူးစ်က ဒီတစ်ပတ်အတွင်းစစ်တိုက်ဖို့ စိန်ခေါ်ထားပါတယ်"

"ဟင် ဘယ်ချိန်ကလည်း စစ်ပွဲတိုက်ဖို့ ငါ့ဆီစိန်‌ခေါ်စာလွှာလည်းမရောက်လာပါဘူး"

"ကျနော့်ကို မနေ့ကဘဲပို့လိုက်တာပါ ခေါင်းဆောင်သဘောတူတယ်ဆို ကျနော်စာပြန်ပို့လိုက်ပါမယ်"

‌ဟားဗီရစ်လည်း ဟေးဒီရန်စကားကိုနားထောင်ပြီး

'mouse မားလူးစ်က စိန်မခေါ်ဘူးမလား'

'စိန်မခေါ်ပါဘူး သူ့ဟာသူလျှောက်ပြောနေတာ'

'သူဘာတွေကြံစဉ်ထားလဲ ပြောပြအုံး'

'ဟုတ် သူက ခေါင်းဆောင်ဟီလိုရစ်ဆီက သဘောတူတယ်ဆိုတဲ့အမိန့်နဲ့ အူယာသစ်တောကို စစ်တိုက်ဖို့စိန်ခေါ်မှာပါ ဟိုဘက်ကစိန်ခေါ်တာကိုလက်ခံရင် ဟီလိုရစ်ကို စစ်ပွဲထဲခေါ်သွားပြီး သူကသတ်ပစ်ဖို့တွေးထားတာ ပြီးရင်အူယာသစ်တောခေါင်းဆောင်ဖြစ်တဲ့ မားလူးစ်နဲ့ငြိမ်ချမ်းရေးယူပြီး ပြန်လာမှာပါ အဲ့ဆို ဒီတောကသတ္တဝါတွေအကုန်လုံးက သူ့ကိုခေါင်းဆောင်မြှောက်မယ်သူက လက်စီနန်နဲ့ယူပြီး ခေါင်းဆောင်လုပ်မယ် အဲ့လိုတွေးထားတာပါ'

'အော် ငါ့ကိုရော သတ်ပစ်မယ်လို့မတွေးထားဘူးလား'

'ဟီး အဲ့တာကလေ..'

'အင်းဆက်ပြောလေ'

'ဇာတ်လိုက်က ကွေးသွားတာလားမသိဘူး host ကိုမသတ်ဘဲ သူ့ရဲ့တိတ်တိတ်ပုန်း လင်ငယ်လုပ်ခိုင်းမယ်လို့တွေးထားတာ'

'ဟမ်'

ဟားဗီရစ်လည်း mouse စကားကြောင့် ဟေးဒီရန်က သူ့ကုကုများဖြစ်နေမလားဆိုပြီး ဟေးဒီရန်ကိုလှမ်းကြည့်လိုက်တော့ ဟိုကသူ့ကို တဏှာမျက်လုံးနဲ့ကြည့်နေပြီး ရွံစရာကောင်းတဲ့ပြီတီတီအပြုံးပြုံးပြလာတာကြောင့် သူ့လင်မဟုတ်ဘူးဆိုတာ တန်းသိလိုက်သည်။

system 118 (Complete)Where stories live. Discover now