6.8

1.9K 122 5
                                    

<Unicode>
ကျန်းရီစန်းနဲ့ချင်းမင်ရန် စားသောက်နေကြတဲ့အချိန် interview မေးမဲ့လူ နှစ်ယောက်ကရောက်လာလေသည်။

"သခင်‌လေးကျနော်တို့ရောက်ပါပြီ"

"အင်း ခနစောင့်အုံး..."

Interview မေးမဲ့လူနှစ်ယောက်လည်း သူတို့သခင်လေးစကားအတိုင်း မတ်တပ်ရပ်ပြီးစောင့်နေကြသည်။ကျန်းရီစန်းနဲ့ချင်းမင်ရန်တို့နှစ်ယောက်ကတော့ သူတို့နှစ်ယောက်ကိုစောင့်နေတဲ့လူမရှိတဲ့အတိုင်း‌ အေးဆေးစားသောက်နေကြသည်။

နာရီဝက်လောက်ကြာမှ စားသောက်ပြီးကြလေသည်။ရပ်နေတဲ့နှစ်ယောက်လည်းအဲ့ချိန်မှ ခုံမှာထိုင်ရသည်။ထိုင်တာနဲ့ ရေသောက်မလို့ပြင်ပေမဲ့ စကားတန်းစလာတဲ့ ချင်းမင်ရန်ကြောင့် ရေသောက်ချင်နေတဲ့စိတ်ကိုထိန်းလိုက်ကြသည်။

"ကလေးက မင်းသားလုပ်ချင်လို့တဲ့အဲ့တာ လက်ခံလား"

"လက်ခံပါတယ် သခင်လေး"²

"အင်း ပြန်လို့ရပြီ"

"ဟုတ်ကဲ့ ပြန်ခွင့်ပြုပါအုံး"²

Interview မေးမဲ့လူနှစ်ယောက်လည်း ချင်းမင်ရန်နဲ့ကျန်းရီစန်းကိုအရိုအသေပေးပြီး ပြန်သွားကြလေသည်။စိတ်ထဲမှာလည်း ဒါလေးပြောဖို့အရေး ဖုန်းဆက်လိုက်ပြီး ငါ့ကလေးမင်းသားလုပ်ချင်တယ် အဲ့တာလက်ခံ လို့ပြောလိုက်ရင်ရနေပြီကို နာရီဝက်လောက်ရပ်ခိုင်းထားတယ် တရားလားဆိုပြီး ခေါင်းကိုထုခဲ့ချင်မိသည်။အပြင်မှာတော့ထုတ်မပြောရဲ မဟုတ်ရင်ထမင်းအိုးကွဲမှာလေ....

ချင်းမင်ရန်လည်း ဟိုလူနှစ်ယောက်ပြန်သွားမှ

"ကလေး ဗိုက်ဝပြီလား"

"ဟုတ် ကိုကို ဘယ်သွားအုံးမှာလဲ"

"ကလေးဘယ်သွားချင်လဲ ကိုကိုလိုက်ပို့မယ်"

"အင်း....ကလေး သီချင်းသွားဆိုချင်တယ်"

"ကလေးကသီချင်းဆိုရတာဝါသနာပါလို့လား"

"ဟုတ် "

"သီချင်းဆိုတာအပြင် တစ်ခြားဘာဝါသနာတွေရှိသေးလဲ"

"အင်း...သီချင်းဆိုတာအပြင် ခရီးသွားရတာလည်းဝါသနာပါတယ် guitar နဲ့ xylophone တီးရတာလည်းကြိုက်တယ်"

system 118 (Complete)Where stories live. Discover now