<Unicode>
နောက်တစ်နေ့ ကျန်းရီစန်းနိုးလာတော့ခေါင်းတွေကိုက်ခဲနေသည်။မနေ့ညက ကိုကို့ကိုလွမ်းတဲ့စိတ်ပြီးတော့ ချင်းဝူအတွဲကို အမြင်ကတ်တဲ့စိတ်နဲ့အရက်တွေထိုင်သောက်နေတာ ည 12 ထိုးတဲ့အထိပင်....ကျန်းရီစန်းလည်း ကိုက်နေတဲ့ခေါင်းကို လက်နဲ့နှိပ်လိုက်ပြီး ဘေးကိုစမ်းလိုက်တော့ ကုတင်ပေါ်မှာအိပ်နေတာသိလိုက်ရသည်။
မနေ့ညက သူဧည့်ခန်းမှာဘဲအိပ်ပျော်သွားတာပါ ဘယ်လိုလုပ် ကုတင်ပေါ်မှာအိပ်နေတာလဲဆိုပြီး တစ်ယောက်ထဲတွေးနေသည်။
အားယူပြီးထလိုက်ကာ ရေချိုးခန်းဝင်လိုက်သည်။သွားတိုက်ဆေးအဆင်သင့်ထည့်ထားတဲ့သွားတိုက်သံနဲ့သွားတိုက်မျက်နှာသစ်ပြီးခေါင်းကြည်သွားအောင်ရေပါတစ်ခါထဲချိုးလိုက်သည်။
ခါးမှာတစ်ပတ်တစ်ထည်ပတ်ပြီး အဝတ်အစားလဲနေတဲ့အချိန် မီးဖိုချောင်ထဲကနေ အရမ်းမွှေးတဲ့ဟင်းနံ့တွေရလိုက်သည်။
ဟင်းနံ့တွေရှုလိုက်ပြီး
"ကြွက်စုတ် ငါ့ကိုတော့အတော်ချစ်ရှာသား တစ်ယောက်ထဲပစ်မထားဘူး ချစ်ဖို့ကောင်းတယ်"
ကျန်းရီစန်းအပြောကို ချင်းမင်ယွီရင်ခွင်ထဲအိပ်နေတဲ့ ဝူယွင်ကျောင်းသာကြားလို့ကတော့ ကျနော်မဟုတ်ပါဘူး လို့ပြန်ပြောမယ်ဆိုတာသေချာသည်။
ကျန်းရီစန်းလည်း မိုးပြာရောင် T-shirt ကို ဒူးပြဲဂျင်းဘောင်းဘီရှည်နဲ့တွဲဝတ်လိုက်ပြီး ရေချိုးထားလို့စိုနေတဲ့ဆံပင်တွေကိုဖွလိုက်သည်။ပြီးတော့ မီးဖိုချောင်ကိုစားဖို့ထွက်လာလိုက်သည်။
မီးဖိုချောင်ရောက်တော့ စားပွဲပေါ်မှာ မူးပြေစေတဲ့ဟင်းရည်တစ်ခွက်ချထားတာကြောင့် ယူသောက်လိုက်ပြီး
"အား ခေါင်းကိုကြည်သွားတာဘဲ "
ပြောပြီး သူ့ကိုကျောပေးကာ ချက်ပြုတ်နေတဲ့လူကိုကြည့်လိုက်သည်။နောက်ကနေကြည့်ရင် ဝူယွင်ကျောင်းရဲ့ခန္ဓာနဲ့မတူဘဲ ပုခုံးပြင်ကကျယ်နေသည်။ချက်ပြုတ်နေရတာကြောင့်တံတောင်ထိခေါက်တင်ထားတဲ့ အမဲရောင်အကျီလက်ရှည်အောက်က အကြောတစ်ပြိုင်ပြိုင်နဲ့ လက်တွေကယောက်ျားပီသကြောင်းပြသနေသည်။
VOUS LISEZ
system 118 (Complete)
Fanfiction"မဂ်လာပါ Host " "မဂ်လာပါ system နာမည်ဘယ်လိုခေါ်လဲ ရုပ်ကရော ချောလား မချောရင် ငါလက်မတွဲချင်ဘူးနော် ရုပ်လည်းလာပြပါအုံး နင်ဘယ်မှာလည်း" "Host ကစကားအရမ်းများတာဘဲ" Start date -28.8.2023 End date -17.11.2023 "မဂ္လာပါ Host " "မဂ္လာပါ system နာမည္ဘယ္လိုေခၚလ...