9.2

1.5K 116 14
                                    

<Unicode>
နာခီဆာနဲ့ဆာကာအပြင် ဂိုဏ်းသား ၉ ယောက်ကလဲ အီဂိုဏ်းနဲ့ချိန်းထားတဲ့နေရာဆီအတူတူထွက်လာကြသည်။အကုန်လုံးရဲ့လက်ထဲမှာလည်း သံတုတ်တွေ သစ်သားချောင်းတွေကိုင်ပြီး ပုခုံးပေါ်တင်ကာ လူမိုက်စတိုင်ဖမ်းပြီးလျှောက်လာကြသည်။

ချိန်းထားတဲ့ဘောလုံးကွင်းကိုရောက်တော့ နာခီဂိုဏ်းက ဝံပုလွေတွေကြားမှာရောက်နေတဲ့ယုန်သူငယ်တွေလိုဖြစ်သွားလေသည်။

အီဂိုဏ်းက ဂိုဏ်းသားအယောက် နှစ်ရာလောက်က တုတ်တွေ ကိုင်ပြီးထိုင်နေကြသည်။တစ်ချို့က ဘောလုံးကို ဟိုဘက်ဒီဘက်ကန်နေကြသည်။ဒီကြားထဲ ဆေးလိပ်ထိုင်သောက်နေတဲ့လူတွေလည်းခပ်များများ....

နာခီဆာလည်း သံတုတ်ကို ပုခုံးပေါ်တင်ပြီး သွားကြားထိုးသံကို သွးနဲ့ကိုက်ပြီး အီဂိုဏ်းကလူတွေကို အထင်သေးသလိုကြည့်နေသည်။

ဆာကာနဲ့ နာခီဆာကလွဲပြီး ကျန်တဲ့နာခီဂိုဏ်းသားတွေကတော့ ဒူးတွေမတုန်အောင်မနည်းထိန်းနေရသည်။

အီဂိုဏ်းကလူတွေက နာခီဆာကိုတွေ့တော့ လက်ညိုးထိုးပြီးတစ်ဟားဟားအော်ရီလာကြသည်။အီဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်တဲ့ ကူယာအီက သောက်နေတဲ့ဆေးလိပ်ကို ကြမ်းပြင်ပေါ်ပစ်ချပြီး ခြေဖနောင့်နဲ့ဖိခြေလိုက်သည်။ပြီးတော့ သံတုတ်နဲ့နာခီဆာကို ညွှန်ပြလာသည်။

"ငါတို့ဂိုဏ်းကိုစိန်ခေါ်ရဲလို့ ဂိုဏ်းသားများမယ်ထင်နေတာ အကုန်ပေါင်းမှ ၁၁ ယောက်တဲ့လား ဒီလောက်လေးကို ငါက ပုရွတ်ဆိတ်သတ်သလို လက်မနဲ့လက်ညိုးဖိချေပြီးသတ်လိုက်လို့တောင်ရတယ်"

"ကူယာအီက လေအတော်ပေါတာဘဲနော်"

"ဟက် လူကောင်ကသာသေးတာ နာခီဆာတို့ကတော့ လေလုံးတော့ကြွယ်သားဘဲ ဘာလဲငါတို့ဂိုဏ်းက အညံ့ဆုံးလူပေးထားတဲ့အမရွတ်တောင်မပျောက်သေးဘူး အသစ်လိုချင်နေပြီလား"

"ဟက် အဲ့ကောင်လား ငါလက်တစ်ချောင်းဘဲလုပ်ရင်တောင်လျှောသွားမှာ မယုံရင်စမ်းကြည့်လို့ရတယ်နော်"

"ဟား ဟား ကြိုက်တယ် ဒီလိုစကားကို"

ကူယာအီက အော်ရီပြီး သူ့ဂိုဏ်းသားတစ်ယောက်ကို မေ့ငေါ့ပြလိုက်သည်။သဘောက နာခီဆာကိုသွားတိုက်ပေါ့.....

system 118 (Complete)Where stories live. Discover now