system space

1.5K 103 8
                                    

<Unicode>
ထယ်ယောင်း space ရောက်တဲ့ချိန် ငိုင်နေမိသည်။တစ်ကယ့်ကမ္ဘာရောက်ရင်
ဂျွန်ဂျောင်ကုက system world တွေထဲမှာလို သူ့ကိုချစ်ပါ့မလား စိတ်ပူနေမိသည်။

သူစိတ်ပူချင်လည်းစိတ်ပူစရာ ဂျွန်ဂျောင်ကုဆိုတာ အောင်မြင်‌နေတဲ့အဆိုတော် dancer တစ်ယောက် သူကဒီတိုင်း ဘာမှမဟုတ်တဲ့ချမ်းသာတဲ့လူလေ....

ထယ်ယောင်း space ရောက်တာ ငါးမိနစ်လောက်ကြာတော့ mouse လည်းပြန်ရောက်လာသည်။

"Host စောင့်နေရတာကြာသွားလား"

"မကြာပါဘူး အခုဘာလုပ်ရမှာလဲ"

"Points တွက်ပေးမယ်နော် arc 9 နဲ့ arc 10 မှာ points 1000 စီဆိုတော့ စုစုပေါင်း 2000 ပါ အရင်ကရှိတဲ့ points 9000 နဲ့ပေါင်းရင် 11000 ရှိပါပြီ "

"များသားဘဲ "

"ကိုယ်ရေးမှတ်တမ်းကိုနောက်ဆုံးအနေနဲ့တစ်ချက်ပြမယ်နော်

အမည်- ကင်မ်ထယ်ယောင်း
အသက်-28
လိင်-ကျား
လိင်တိမ်းညွှတ်မှု-ကျား
ရရှိထားသောpoint-11000
ပြီးမြောက်သောကမ္ဘာ-10/10
တတ်မြောက်ထားသော ပညာရပ်-အကပညာ၊အတိုက်အခိုက် ၊ ပန်းချီပညာ၊မှော်ဂါထာ သရုပ်ဆောင် ၊ hacker၊အချက်အပြုတ်ပါ"

"ငါက အဲ့တာတွေဘာလုပ်ရမှာလဲ "

"ထားခဲ့ရမှာပေါ့"

"ဟင် ငါကိုထည့်မပေးဘူးလား"

"ထည့်ပေးစရာလား "

"ပြီးရော points တွေကရော"

"အဲ့တာကို ကျနော်သုံးရမှာပါ"

"ဘာလို့လဲ ငါရှာတာ ငါသုံးရမှာပေါ့"

"Host ပေးထားတဲ့ကတိကိုမေ့နေပြီလား"

"ဘယ်ကမ္ဘာကပေးခဲ့လို့လဲ မေ့နေပြီ"

"System နဲ့စချိတ်တဲ့အချိန်လေ ကျနော့်ကို အဆင့်မြင့်ပေးမယ်ဆို"

"အော် မေ့သွားလို့ပါ မြင့်လေ မြင့် points ဘယ်လောက်သုံးရမှာလဲ"

" သိပ်မများပါဘူး points 10000 ထဲပါ 1000 ကြီးများတောင်ပိုသေးတယ်"

"လုပ်ပါ လုပ်ပါ ကျနော်က အချောဆိုတော့ points တွေဖြတ်ခံရတာမဆန်းပါဘူး"

"ကဲဒါဆို ကျနော်အဆင့်သွားမြင့်လိုက်အုံးမယ် ခနစောင့်"

ကင်မ်ထယ်ယောင်းလည်း ခေါင်းငြိမ့်ပြလိုက်တော့ mouse က ဆယ်မိနစ်လောက်ပျောက်သွားလေသည်။ဆယ်မိနစ်ပြည့်တော့ space ထဲဝယ် အဖြူရောင်နန်းတွင်းဝတ်စုံကိုဝတ်ဆင်ထားပြီ ခါးလောက်ရှည်တဲ့ဆံနွယ်တွေကို ခပ်မြင့်မြင့်စည်းထားပြီး ဝါးပုံတွေဆွဲထားတဲ့ယပ်တောင်ကိုတစ်ဖျက်ဖျက်ခတ်ကာ ကောင်လေးတစ်ယောက်‌ပေါ်လာလေသည်။

system 118 (Complete)Tempat cerita menjadi hidup. Temukan sekarang