အပိုင်း ( ၁ )

31.4K 420 6
                                    

Part - 1
———
မြေပြန့်သူလေး
~~~~~~~~~~~
" သင်္ဂဟ ကျေးရွာ ဟုတ်လား "

" အဟင်း ဟုတ်တယ် မျက်ဝန်းရဲ့ အစ်မတို့ ကျေးရွာက တကယ်လှတာ "

" အခုတောင်ရောက်ဖူးချင်နေပြီ "

" သဘက်ခါပဲ သွားရတော့မှာပဲကွယ် "

" အဟီး မျက်ဝန်းတော့ တကယ်ပျော်တာပဲ ရှမ်းပြည်ဘက်ကို တစ်ခါမှခရီးမထွက်ဖူးဘူး "

" အခု အစ်မနဲ့ကြုံတုန်း တစ်ခါတည်းအနှံ့လည်ပစ်ကြမယ် "

" မမကို အရမ်းကျေးဇူးတင်တာပဲ အလုပ်ဝင်တဲ့အချိန်ကနေ အခုချိန်ထိနွေးထွေးပေးလို့ "

" မဟုတ်တာကွယ် ကိုယ့်ရဲ့ junior လေးဆိုတော့ အစစအရာရာဖေးမရတာပေါ့ မဟုတ်ဘူးလား "

" ကျေးဇူးပါရှင့်
မမဒါနဲ့လေ ရှမ်းပြည်ဘက်က အရမ်းအေးမှာပဲနော် "

" ညီမလေးတို့လို အပူပိုင်းဒေသက လူတွေအတွက်တော့ အေးတာပေါ့ အစ်မကတော့ ဒီမှာအခုထိကိုအသားမကျသေး ပူလွန်းလို့ "

" မျက်ဝန်းကတော့ အအေးဒဏ်မခံနိုင်တော့ အနွေးထည်အထူကြီးတွေထည့်လာမှရမယ်ထင်တယ် "

" မထည့်ခဲ့နဲ့ မျက်ဝန်း အစ်မတို့ဆီမှာရှိတယ် တစ်ထည် နှစ်ထည်လောက်ပဲယူခဲ့ နောက်မို့ဆို လေးနေလိမ့်မယ် "

" ဟုတ် မမ
ထပ်မံပြီး ကျေးဇူးတင်ပါတယ်ရှင့် "

" ကျေးဇူးတင်ရင် ကျွန်မကို ဟင်းချက်ကျွေး "

" အရသာရှိတာတွေ အကုန်ချက်ကျွေးမယ် "

မျက်ဝန်းလည်း အမကဗျာကို ကျေးဇူးတင်တဲ့အနေနဲ့ သူမအပိုင်နိုင်ဆုံးသော အမဲသားလုံးကျော် လုပ်ဖို့ပြင်ဆင်လိုက်တယ်

ဟင်းချက်ဝါသနာပါသည်ဆိုတဲ့အတိုင်း တစ်နေ့တစ်မျိုးစမ်းပြီးချက်ကြည့်ရာကနေ အရသာက တစ်စထက်တစ်စ ကောင်းလာရခြင်းပင်

" မျက်ဝန်းရေ ညနေကျ အိမ်ပြန်မှာမလား "

" ဟုတ် မမ "

" ဒါဆို မျက်ဝန်းအမေလုပ်ထားတဲ့ ငါးပိထောင်းလေး ယူခဲ့ပေးပါဦးကွယ် "

" မယူဘူးဆိုရင်တောင် မမကြိုက်လို့ကို အတင်းထိုးပေးနေမှာ မြင်ယောင်သေးရဲ့

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now