မြေပြန့်သူလေး
-------------------
Part - 24
-------------
" ဒေဝီတို့ ချက်ချင်းပဲရန်ကုန်ဆင်းမှဖြစ်မယ် "" ဘာဖြစ်လို့လဲ ဒေဝီ "
" ကို့ရဲ့သား ရန်ကုန်သူနဲ့ ရည်းစားဖြစ်နေတယ်တဲ့လေ "
" ဒါကောင်းတာပေါ့ကွ မင်းရဲ့သား အသက် ၃၀မပြည့်ခင်မှာ ရည်းစားရတာ "
" ကိုနော် ဘာကိုကောင်းတာလဲ ရန်ကုန်သူတွေက ခပ်ရှုပ်ရှုပ် ခပ်လည်လည်တွေ ဒေဝီတော့စိတ်မချပါဘူး မနက်ဖြန်ပဲ ရန်ကုန်ဆင်းကြမယ် "
ဦးစဝ်လွန်းခလည်း ဇနီးဖြစ်သူကိုမလွန်ဆန်နိုင်တော့ ခေါင်းညိတ်လိုက်ရသည်
....
သူမတို့ ၂ယောက်လည်း လေယာဥ်နဲ့ပဲ ရန်ကုန်ကိုဆင်းခဲ့ကြသည်
သားရဲ့ဟိုတယ်မှာပဲနေမှာမို့ လေဆိပ်ကဆင်းဆင်းချင်း သားကိုတောင်အသိမပေးဘဲ ဟိုတယ်ကိုရောက်လာခဲ့သည်
ဟိုတယ်ရောက်တော့လည်း ကိုယ့်ဘာသာကိုယ်ပဲအခန်းယူလိုက်ကြသည်
" ကျွန်မကတော့ မကျေနပ်နိုင်ဘူး ဒီကိစ္စကိုရှင်းပေး "
" ကျွန်တော်တို့တောင်းပန်ပါတယ်ဗျ "
" တောင်းပန်ရုံနဲ့ပြီးသွားရောလား "
ဝန်ထမ်းလေးမှာလဲ ဒေါသဖြစ်နေဆဲ customer ကြောင့် အခက်တွေ့နေရသည်
ပြသနာက သူလမ်းလျှောက်လာရင်း ချော်လဲတာ ကြမ်းပြင်မှာဆပ်ပြာတွေမပြောင်ဘဲရှိနေလို့တဲ့လေ
ဝတ်ထားတာကစကပ်အရှည်ဖြစ်ပြီး လမ်းလျှောက်ရင်းဂါဝန်စတက်နင်းမိပြီးချော်လဲတာဖြစ်နိုင်ပါတယ်လို့ပြောတော့လည်း သူ့အမှားကိုလက်မခံချေ
Customer is always right ဆိုသလို
အခုလည်း ကိုယ်မမှားဘဲနဲ့ တောင်းပန်နေရသည်" ဘာဖြစ်နေတာလဲ ဝေဝေ "
" မမရယ် မမလာတာနဲ့အတော်ပဲ ....... "
ဝေဝေလည်း မမမျက်ဝန်းကို အကုန်ရှင်းပြလိုက်သည်
ခက်တာက ဂျာကြီးကဒီနေ့ရုံးမလာတာမို့ ဂျာကြီးရဲ့တာဝန်တွေကို သူမနဲ့မယွန်းက လုပ်နေရတာဖြစ်ပြီး round လှည့်နေတဲ့အချိန် အခုလိုကြုံခြင်းပင်