အပိုင်း ( ၁၉ )

9.3K 181 3
                                    

မြေပြန့်သူလေး
--------------------
Part - 19
------------
" ဟင်း..... နေ့ရက်တိုင်းကလည်း ခြောက်သွေ့နေတာပဲ "

" ဒီမျက်ပြူးမကတော့ ငါတော်တော်အမြင်ကပ်နေပြီနော် "

" အေးလေဟာ မနက်ကတည်းက ဒါကြီးပဲထိုင်ပြောနေတာ "

" သွားပြောမနေနဲ့ အချစ်ပူမိနေတာလေ "

" မနှစ်ကလိုပဲ ပျော်ပျော်နေပါဟ ငါတို့ရှိနေတာပဲကို "

သူငယ်ချင်းတွေရဲ့ တစ်ယောက်တစ်ပေါက်ပြောသံကြောင့် မျက်ဝန်းလည်း မျက်စောင်းထိုးလိုက်သည်

" နင်တို့ကလည်း​လေ ငါကပုံမှန်ဆို အခုလိုမှိုင်တွေမနေဘူး အခုက သူနဲ့ဖုန်းအဆက်အသွယ်မရတာ မနေ့ညကတည်းက တကယ်ပဲ ကိုယ်ချင်းစာစိတ်ကိုမရှိကြဘူး "

" ဒါကတော့ ငါတို့က နုနုထွတ်ထွတ် single လေးတွေဆိုတော့ ဘယ်သိမလဲကွာ "

" နင်ပဲပြောလိုက်တော့ "

အာကာနဲ့စုစုရဲ့ အတွဲညီနေတဲ့ပုံကြောင့် မျက်ဝန်းလည်း မကြည်ကြည့်နဲ့ကြည့်လိုက်သည်

" လူကြားကောင်းအောင်သာ single ဆိုပြီးပြောတာ တကယ်တော့နင်တို့က အထီးကျန်နေကြတဲ့လူတွေ "

" ဖြစ်ရချည်သေးရဲ့ နင်ကျတော့ရော ရည်းစားရှိပြီးပူလောင်နေရပြီးတော့ "

" ချစ်မိမှတော့ စိတ်မချခြင်းများစွာနဲ့ ပူလောင်ရတာပေါ့
လူတစ်ယောက်ကိုချစ်မိတဲ့အခါမှ နင်တို့တွေနားလည်လိမ့်မယ် "

" ဟုတ်ပါပြီ အချစ်ဆရာမကြီးရယ်
ဒီည ပွဲစျေးသွားကြမှာနော် အဆင်သင့်လုပ်ထားကြဦး "

" အိုခေ "

ကောင်းမြတ်သူရဲ့စကားကို ကျန်တဲ့ ၄ယောက်လည်း လက် ၂ဖက်လုံးနဲ့ ' ok ' ပုံစံလုပ်ပြီး ပြိုင်တူပြောလိုက်ကြသည်

ခဏအကြာ မျက်ဝန်းက သူ့အိမ်ပြန်သွားတာမို့ သူတို့ ၄ယောက်လည်း ခေါင်းချင်းဆိုင်လိုက်ကြသည်

" ဒါဆို သူ့ဘဲကြီးက ဒီညလာခဲ့မှာပေါ့ "

" အေး ဟုတ်တယ်ဟ
မျက်ဝန်းကို surprise လုပ်မလို့တဲ့ "

" ဟိုဘဲကြီး စိုင်းထက်ဝဠာက နင့်ကိုကြိုက်နေသလိုပဲနော် "

" ဟင် ဘာလို့လဲ "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now