Special Part - 1

6.7K 120 16
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Special Part - 1
~~~~~~~~~~~~~
" ညီမလေးရေ သမီးက University ကို ရန်ကုန်မှာပဲတက်ချင်တယ်တဲ့ကွယ် "

" ရတာပေါ့အမရဲ့ ချယ်လေးကအဆင်ပြေတယ်ဆို လွှတ်လိုက်ပါနော် ဒီမှာမျက်ဝန်းတို့လည်းရှိတာပဲ "

" အမက စိတ်မချလို့ပါကွယ် ချယ်လေးက တစ်နေ့ထက်တစ်နေ့ပိုဆိုးလာတော့ မျက်ဝန်းတို့တွေ စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ပါကွယ် "

" အမကလည်း ချယ်လေးဆိုးတာက ဟော့ဟော့ရမ်းရမ်းဆိုးတာမဟုတ်ပါဘူး ကလေးဆန်ဆန်လေးဆိုးလို့ အနှောက်အယှက်တော့မဖြစ်ပါဘူး "

" ဟုတ်ပါပြီရှင် မေမေနဲ့ဖေဖေကလည်း မြေးလေးပျော်တဲ့နေရာမှာသွားနေဆိုလို့ ချယ်လေးကတော့ အပျော်ကြီးပျော်နေလေရဲ့ "

" အဟင်း ဒီမှာကျ သူ့ညီမလေးနဲ့မောင်လေးတွေရှိတော့ ချယ်လေးက ပျော်နေတာနေမှာ "

" ဟုတ်တယ် မျက်ဝန်းရေ......ဒါဆို အမ မနက်ဖြန်လောက်ပဲ ချယ်လေးကိုလွှတ်လိုက်တော့မယ်နော် "

" အမနဲ့ကိုကြီးရော မလိုက်တော့ဘူးလား "

" ဖေဖေနဲ့မေမေက ချယ်လေးကိုလိုက်ပို့မယ်ဆိုတော့ အမတို့မလိုက်တော့ဘူးကွယ်.....ဒီကလုပ်ငန်းတွေကလည်း အခုမှရာသီပေါ်ချိန်ဆိုတော့လွှတ်ထားလို့မရဘူး "

" ဟင်း....ဒါဆို အမနဲ့မတွေ့ရတော့ဘူးပေါ့ "

" ကဲပါ စိတ်မကောင်းမဖြစ်ပါနဲ့....ချယ်လေး ကျောင်းမတက်ခင်တော့အမလာမှာပါကွယ် "

" ဟုတ် အမ "

ဒီလိုနဲ့ပဲ ချယ်လေးက ရန်ကုန်ကိုရောက်လာခဲ့သည်

" သမီးအတွက် တီလေး အလင်္ကာလေးနဲ့ကပ်လျက်အခန်းမှာ စီစဥ်ပေးထားတယ်နော် "

" ဟုတ်....တီလေးကိုအရမ်းချစ်တာပဲ အာဘွား "

အသက် ၁၇ နှစ်ရှိနေသည့်တိုင် ချယ်လေးက သူမမျက်စိထဲမှာတော့ ၇နှစ်အရွယ်လေးလို့ပဲထင်မှတ်နေမိသည်

" ဒါနဲ့ ကာကာလေးနဲ့မောင်လေးရော တီလေး "

" သမီးဒီနေ့ရောက်မယ်ဆိုလို့ သူတို့ရဲ့အန်ကယ်တွေနဲ့ မုန့်တွေသွားဝယ်နေလေရဲ့ "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now