မြေပြန့်သူလေး
~~~~~~~~~~~
Special Part - 11
~~~~~~~~~~~~~~
" ဦးတော့ ဘေဘီ့ကိုလွမ်းနေရတော့မှာပဲကွာ "" နှစ်လပါပဲ ဦးသူ့ရဲ့ ချယ်နေ့တိုင်း video call ခေါ်မယ်လေနော် "
ဦးသူ့က ကလေးဆိုးကြီးအလား ချယ့်ရဲ့ရင်ခွင်ထဲမှာမျက်နှာအပ်ထားတာမို့ ချယ့်မှာဦးသူ့ရဲ့ဆံပင်လေးတွေကိုကိုင်ပြီးနှစ်သိမ့်ပေးနေရသည်
" ဖြေးဖြေးဖက်ပါဦးသူ့ရဲ့ "
" အင်း...... "
ချယ့်ရဲ့လည်ပင်းသားများကို အားရအောင်နမ်းပြီးမှ ဦးသူ့က ကုတင်ဘေးမှာဝင်ထိုင်ပြီး ချယ့်ကို ဦးသူ့ရဲ့ပေါင်ပေါ်ကိုတင်လိုက်သေး၏
" မျက်ဝန်းနဲ့အကိုခွန်းကို ချယ်လေး ဘယ်လိုပြောခဲ့လဲ "
" သူငယ်ချင်းအိမ်မှာအိပ်မယ်ဆိုပြီးပြောခဲ့တာ ဟီး "
" အဟွန်း အလည်လေး.....ဘယ်လိုလဲ ဦးရဲ့ကွန်ဒိုကို သဘောကျရဲ့လား "
" ဟုတ် အရမ်းပဲ ဒါပေမယ့် ချယ်က ဦးသူ့နဲ့အတူတူရှိနေရလို့ ပိုပြီးသဘောကျတာပါနော် "
" ကိုယ့်ကိုကြွေပြီးရင်းကြွေနေအောင်လုပ်နေတာလား "
" အဟီး အဲ့လိုဖြစ်ဖို့မရည်ရွယ်ပါဘူးနော် "
" ကဲ ဘေဘီ ရေချိုးတော့မလား "
" ဟုတ် ချိုးတော့မယ်လေ ဦးသူ့ "
" အတူတူချိုးမယ်နော် ဘေဘီ "
" ဟင် ဦးသူ့ကလည်း မသင့်တော်ဘူးလေ "
" နှစ်လတောင်ခွဲရမှာလေကွာ ဦးကိုမသနားဘူးလား "
မျက်နှာငယ်လေးနဲ့ သူမရဲ့လက်ဖဝါးကိုယူပြီး ဦးသူ့က သူ့ရဲ့ပါးပြင်ထက်မှာထိကပ်စေတာမို့ ချယ်ရီ့မှာအလိုလိုနေရင်း ခေါင်းညိတ်မိသွားတော့သည်
" ဦးရဲ့ကလေးလေးက သိပ်ဖို့ကောင်းတာပဲကွ "
" ဟွန့် လူလည်ကြီး "
ဦးသူ့က ရေချိုးခန်းထဲကိုအရင်ဝင်သွားပြီး bathtub ထဲမွာ အမွှေးဆီတွေနဲ့ ရေပူရေအေးစပ်ပြီးမှ ချယ့်ကိုပွေ့လာလေသည်
ဦးသူ့ရော ချယ်ရော အင်္ကျီဝတ်လျက်သားနှင့် ရေစိမ်နေပြီး ဦးသူ့ကချယ့်ရဲ့အနောက်မှာနေရာယူထားကာ ချယ့်ကိုသိုင်းဖက်ထားလေသည်