မြေပြန့်သူလေး
~~~~~~~~~~~
Part - 58
~~~~~~~
" ကလေးလေး လမ်းလျှောက်တာအဆင်ပြေရဲ့လား "" ဟုတ် ကိုကို "
" ဖြေးဖြေးချင်းလျှောက်ကြမယ်နော် "
" ဟုတ် "
မျက်ဝန်းနဲ့ကိုကိုလည်း သမုဒယရပ်ကွက်ထဲမှာ ညနေခင်းနှစ်ယောက်သားအတူတူလမ်းလျှောက်နေကြသည်
ဒီဇင်ဘာလမို့လို့ ရာသီဥတုကချမ်းစိမ့်စိမ့်လေးနှင့် နေလို့အဆင်ပြေသည်ပြောရမည်
" မာမီရေ "
" အရှုပ်ထုတ်လေးလာပြီတွေ့လား "
" အဟွန်း "
" ကဲမီးလေး ဘာပြောမလို့လဲ "
" ဘာမှမကြောပါဝူး..... မာမီနဲ့ဒယ်ဒီ့တိုလွမ်းရို့ "
" အမလေးရှင် မာမီနဲ့ဒယ်ဒီကခုနလေးကမှ အပြင်ကိုထွက်လာတာပါ "
" ကာကာ့ရဲ့ချိတ်ထဲမှာရေ အကြာရီးဖြစ်နေသရိုပဲ "
" ဒယ်ဒီ့သမီးလေးက ချစ်ဖို့ကောင်းလိုက်တာကွာ လာပါဦးဒယ်ဒီ့ဆီ "
" ဟုတ် "
ကလေးအနားမှာရှိနေရာကနေ သူ့ဆီကိုပြေးလာတဲ့သမီးလေးကြောင့် သူလည်းသမီးကိုပွေ့ချီလိုက်သည်
သူလည်းပွေ့ချီလိုက်ရော သမီးကသူ့ကိုအနမ်းပေးလာတာမို့ ရင်ထဲမှာပန်းတွေအအုံလိုက်ကြီး
ပွင့်သွားတော့သည်" အဟား မီးလေးကကွာ မီးလေးမာမီလိုပဲ သိပ်ကိုချစ်ဖို့ကောင်းတယ် "
" ခစ် ခစ် "
" ဟော ကာကာလေးဘာတွေသဘောကျနေတာလဲ "
" အဟီး တီစု..... ဒယ်ဒီကလေ ကာကာ့ကိုမာမီ့လိုပဲချစ်ဖို့ကောင်းတယ်တဲ့ "
" အမယ် အကိုခွန်းတို့ကနော် မျက်ဝန်းကိုတော့ပါးစပ်ဖျားကနေကိုမချဘူး "
" အဟွန်း "
" တိုက်တိုက်ဆိုင်ဆိုင်ပါလား နှောင်းလည်းလမ်းလျှောက်ထွက်လာတာ "
သူတို့တွေလည်းနှောင်းအသံကြားလို့လှည့်ကြည့်လိုက်တော့ ဝလ္လာ့လက်ကိုကိုင်လာတဲ့ မေနှောင်းညိုကို တွေ့လိုက်ရသည်