Special Part - 7

4.1K 122 24
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Special Part - 7
~~~~~~~~~~~~~
ချယ်ရီကတော့ ညနေကဖြစ်သွားတဲ့အကြောင်းကို ပြန်တွေးပြီး ရယ်ရမလိုလို ငိုရမလိုလိုနှင့်

Flash Back
~~~~~~~~~
တစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်းဆုံရာကနေ နီးကပ်လာပြီဖြစ်တဲ့နှုတ်ခမ်းနှစ်စုံက ထိလုနီးပါးပင်ဖြစ်နေခဲ့ပြီ

ခံစားချက်တွေလည်းမြင့်တက်လာရပြီး သူ့ရဲ့လက်တစ်ဖက်ကလည်း ချယ်လေးရဲ့ခါးသွယ်သွယ်လေးထက်မှာ နေရာယူထားမိတော့၏

ချယ်ရီလည်း ဦးသူ့ရဲ့လေငွေ့နွေးနွေးတွေကို သူမရဲ့ပါးပြင်ထက်မှာခံစားနေရပြီဖြစ်တာမို့ မျက်လုံးများကို မှိတ်ချပစ်လိုက်ပြီး အနမ်းတစ်ခုရရှိဖို့ကိုစောင့်စားနေမိတော့သည်

" ဆရာကောင်းမြတ်....အယ် ဆောရီး ဆောရီးနော် ဆရာ ဆက်လုပ် အဲ မဟုတ် ဆက်နမ်း အို....ပြီးမှပဲပြန်လာခဲ့တော့မယ် ဆရာရေ "

Operation ဘက်က ကောင်မလေးတစ်ယောက်က ဖိုင်အထပ်လိုက်ကိုင်ပြီး သူ့ဆီကိုရောက်လာရာကနေ သူတို့ရဲ့အခြေအနေကိုမြင်သွားတာမို့ အယောင်ယောင်အမှားမှားဖြစ်သွားကြသလို သူတို့နှစ်ယောက်လည်းချက်ချင်းကိုပင် တစ်ယောက်တစ်နေရာစီဖြစ်သွားကြတော့သည်

" အင်း....ဦး လုပ်စရာလေးရှိလို့ အပြင်ခဏ ခဏသွားလိုက်ဦးမယ် "

" ဟုတ်......ဟုတ် "

ဦးသူ့ပဲစကားတွေထစ်နေတာမဟုတ်ဘဲ သူမလည်း စကားတွေထစ်နေမိတော့သည်

မောက်ချိုက်ဝင်စားမယ်လို့လုပ်ထားကြရာကနေ မစားဖြစ်တော့ဘဲ ဦးသူ့က သူမကိုပို့ပြီးတာနဲ့ ချက်ချင်းဆိုသလိုပြန်ထွက်သွားလေသည်

ကောင်း​မြတ်သူလည်း ညအိပ်ရာဝင်တဲ့အချိန်ထိ ထိုအ​ကြောင်းကိုမတွေးပဲမနေနိုင်ပေ

တွေးမိတိုင်းလည်း ရင်ဘတ်ထဲကအကောင်က တညိမ့်ညိမ့်နှင့်

သူတော့ချယ်လေးအပေါ်ကို မရိုးသားတဲ့စိတ်တွေဝင်နေမိပြီထင်ပါရဲ့
_
_
_
_
" တီလေးရေ ချယ်ဒီနေ့အိမ်ပြန်နောက်ကျမယ်နော် "

" ဘာလို့လဲ ကလေး "

" ချယ့်သူငယ်ချင်းတွေနဲ့ ကျောင်းကအပြန် ဟော့ပေါ့လည်းစားမယ် ရုပ်ရှင်လည်းကြည့်မို့ "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now