မြေပြန့်သူလေး
~~~~~~~~~~~
Part - 36
~~~~~~~
" ညီ ခဏနော် အရေးကြီးတဲ့ဖုန်းမို့လို့ "" ဟုတ်ကဲ့ ရပါတယ်ဗျ "
ခွန်းလည်း Screen ထက်မှာပေါ်နေတဲ့ 'ကလေး' ဆိုတဲ့ အဝင် call လေးတစ်ခုကြောင့် ခြေဖျားလက်ဖျားများပင် အေးစက်နေသည်
ဒီအဝင် call လေးပျောက်သွားတာ လပင်ချီနေပြီမလား
" ဟယ်လို ကလေး "
" ၄ထပ်မြှောက်က အစားအသောက်တန်းဘက်ကိုခဏလာခဲ့ပေးပါလား ပြသနာလေးပေါ်လာလို့ "
" ဘာ ဘာဖြစ်..... "
သူ့စကားပင်မဆုံးသေး ဖုန်းချသွားတဲ့ ကလေးလေးကြောင့် သူ့မှာဘာဖြစ်လို့ဖြစ်မှန်းမသိတဲ့ ကလေးဆီကိုအပြေးတစ်ပိုင်းလိုက်သွားရပြန်သည်
CEO မင်းညှို့သျှင် ကလည်း သူ့ center မှာ ဘာပြသနာဖြစ်လဲသိချင်လို့ သူနဲ့အတူတူလိုက်ခဲ့လေသည်
ထို့နောက်မြင်လိုက်ရတဲ့အရာက စဝ်ခွန်မှိုင်းခ ဆိုတဲ့ သူ့ရဲ့ဒေါသကိုမြင့်တင်ပေးလိုက်သလို ခြေလှမ်းကျဲကြီးများနှင့် ကလေးရဲ့အနားကိုအမြန်သွားလိုက်သည်
" မင်း ဒါဘာလုပ်တာလဲ "
" ဟင် Boss "
နေခြည်လည်း Boss ကို မြင်လိုက်ရတာမို့
အထိတ်တလန့်ပင်ဖြစ်သွားရသည်နေခြည်ရန်ကုန်က အဒေါ်ဆီခဏတစ်ဖြုတ်လာလည်ရင်း Star light Center က ဖွင့်ထားတာမကြာသေးပေမယ့် နာမည်ကြီးနေတာမို့ လာခြင်းဖြစ်ပြီး ရုတ်တရက် Boss ရဲ့ကောင်မလေးကိုတွေ့လိုက်ရတာမို့ မကောင်းတဲ့အကြံကဖြတ်ခနဲဆိုသလိုရသွားပြီး အခုလိုလုပ်လိုက်ခြင်းပင်
အခုက သူမဘဝကတော့ ဘာတွေဆက်ဖြစ်လာမှန်းခန့်မှန်းလို့မရတော့ပေ
အရင်တစ်ခါကလည်း သူမကိုမှင်နီတားလိုက်သေးသည်
" ဦးဦး "
ချယ်လေးက သူ့ကိုမြင်တာနဲ့ ဦးဦးလို့ခေါ်ပြီး ပြေးလာတာမို့ သူလည်းဦးခေါင်းလေးကို ချစ်စနိုးလေးဖွလိုက်သည်
"ကိုကို ...... ကိုကို့ရဲ့ black card ကလေးကိုပေး"
သူ့ကိုရုတ်တရက် ကိုကိုလို့လာခေါ်ပြီး black card ပါတောင်းနေတာမို့ အာစေးမိနေသူလို ဘာမှပင်ပြန်မပြောနိုင်ဘဲ ထုတ်ပေးလိုက်သည်